ကမ္ဘာ့နာမည်အကြီးဆုံး ကားပြပွဲ (Auto Show) ၁ဝ ပွဲ

0

Full article

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး Auto Show ကို CarsDB က ဦးစီး၍ နိုင်ဝင်ဘာ ၂၅ မှ ၂၆ ထိ ရန် ကုန်မြို့ရှိ သုဝဏ္ဏဘူမီ ကွင်းပြင်တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ အဆိုပါ ပွဲသည် မြန်မာနိုင်ငံရှိ ကားဝါသနာရှင်များ၊ ကားဝယ်ယူရောင်းချလိုသူများနှင့် ကားနှင့်ဆက်စပ်သည့် လုပ်ငန်းများအားလုံးအတွက် စိတ်လှုပ်ရှားဖွယ်ရာ ပြပွဲကြီးတစ်ခုဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ယခုမှ ကျင်းပမည်ဖြစ်သော်လည်း ကမ္ဘာ အရပ်ရပ်တွင် ထိုကဲ့သို့သော Auto Show ပွဲ တော်များကို နှစ်စဉ်နီးပါး နိုင်ငံအများအပြားတွင် ပြုလုပ် လေ့ရှိပါသည်။ သန်းနှင့်ချီသော ကားချစ်သူများသည် အဆိုပါ ပွဲများသို့ နှစ်စဉ်သွားရောက်လေ့ရှိပြီး သူတို့ စိတ်ကြိုက်ကားများ ဝယ်ယူရွေးချယ်ခြင်း၊ ကားလုပ်ငန်းစု၏ ပြောင်းလဲဖြစ်ထွန်းမှုများကို လေ့လာသုံးသပ် ကြပါသည်။
ထို့အပြင် Auto Show ပွဲများသည် ကားထုတ်လုပ်သူများက ၎င်းတို့၏ ကားများကို အရောင်မြှင့်တင်ရာ ကြေညာရာ နေရာဖြစ်ရုံသာမက ၎င်းတို့ အနာဂတ်တွင် ထုတ်လာမည့် ကားပုံစံ (concept) ကို ကားချစ်သူ များအား စွဲဆောင်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်နေရာလည်းဖြစ်ပြီး မီဒီယာများက အထူးစိတ်ဝင်စားခြင်းခံရသော ပွဲများ လည်းဖြစ်ပါသည်။ Auto Show ပွဲများကို ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ကျင်းပပြု လုပ်ကြသော်လည်း ကားအကြောင်း အထူးပြု တင်ဆက်သည့် မီဒီယာများက သတ်မှတ်သည့် ကမ္ဘာ့နံမည်အကြီးဆုံး ကားချစ် သူများ စိတ်ဝင်စားခြင်းအခံရဆုံး Auto Show ပွဲ ၁ဝ ပွဲရှိပါသည်။
CarsDb က အဆိုပါ Auto Show ၁ဝ ပွဲကို ယခုအနှစ်ချုပ်ဖော်ပြပေးသွားမည်ဖြစ်ပြီး လာမည့် သီတင်း ပတ်များတွင်လည်း ပွဲ ၁ ပွဲချင်းစီနှင့် ပတ်သက်၍ သုံးသပ်ချက်ဆောင်းပါးများ စားဖတ်သူများ သိရှိစေရန် အလို့ဌာ ရေးသားဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ပုံတစ်ပုံချင်းစီထောက်ပြီး ပွဲ ၁ ပွဲချင်းစီအကြောင်းကိုထောက်ကြည့်ပေးပါ။
ဘယ်ပွဲက သင်အကြိုက်ဆုံးပွဲဖြစ်မလဲ?

၁ဝ။ တိုကျိုကားပြပွဲ (Tokyo Auto Show) Keith Tsuji/Getty Images ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူများ တည်ရှိရာ ဂျပန်နိုင်ငံသည် ကားထုတ်လုပ်သူများက ၎င်းတို့၏ အနာဂတ်ကားပုံစံ (concepts) များ၊ အိုင်ဒီယာများနှင့် နောင်လာမည့် အင်ဂျင်နီယာ အတတ်ပညာနှင့် ဒီဇိုင်းများကို ပြသမည့် တိုကျိုကားပြပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံဖြစ်သည်။ တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးမြို့ဖြစ်ပြီး ကားချစ်သူများနှင့် မီဒီယာများစွာ ရှိသောမြို့ လည်းဖြစ်ပါသည်။ အဆိုပါ ကားပြပွဲကို တစ်နှစ်နှစ်ကြိမ်ကျင်းပပြုလ ုပ်ခြင်းဖြစ်ပြီး သမရိုး ကျ ထုတ်လုပ်သော ကားမော်ဒယ်များထက် concept ကားများကို အဓိက အလေးထား ဖော်ပြခြင်းအတွက် လူသိများသော ပြပွဲလည်းဖြစ်ပါသည်။ ၉။ မြောက်အမေရိကတိုက် နိုင်ငံတကာ ကားပြပွဲ (North America International Auto Show) Scott Olson/Getty Images အမေရိကန်နိုင်ငံ၏ ကားမြို့တော်ဖြစ်သော မီချီကန်ပြည်နယ် ဒက်ထရိုက်မြိ့တွင် မြောက်အမေရိ ကတိုက် နိုင်ငံတကာကားပြပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အမေရိကန်ရှိ ကားထုတ်လုပ်သူများက ၎င်းတို့၏ ကားများကို လာရောက်ပြသကြသည်။ ပြပွဲသည် မြောက်အမေရိကတိုက်တွင် နှစ်တစ်နှစ် အတွက် အကောင်းဆုံး ကားနှင့် ထရပ် ဆုပေးပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသည် ဖြစ်ရာ နိုင်ငံတကာဆင်မြင့်ထက်တွင် အများလေးစားခြင်းခံရသော ပြပွဲဖြစ်သည်။ ![](/redline/content/images/2017/09/9.jpg)၈။ ချီကာဂိုကားပြပွဲ (Chicago Auto Show) Scott Olson/Getty Images လေးပြင်များတိုက်ခိုက်သော မြို့တော်ဟု လူသိများသည့် ချီကာဂိုမြို့သည် NBA ဘတ်စက(ပ်) ဘော ချီပီယံလုပွဲများ၊ အမေရိကန်ဘောလုံးပွဲများအပါအ ဝင် ချီကာဂိုကားပြပွဲများကို ကျင်းပပြု လုပ်ရာနေရာဖြစ်သည်။ အဆိုပါကားပြပွဲသည် ဒက်ထရိုက်ကားပြပွဲအား အစီအစဉ် အားဖြင့် သာမက တက်ရောက်သူဦးရေပါ ယှဉ်နိုင်သော်လည်း ကားလုပ်ငန်းစု ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပုံမှန်အားဖြင့် ဒက်ထရိုက်ကားပြပွဲကိုသာ သွားလိုကြသည်။ ချီကာဂို ကားပြပွဲတွင် နှစ်စဉ်ကားအစီရေ ၁ဝဝဝ ကျော်ကို ခင်းကျင်းပြသထားပြီး မြောက်အမေရိကတိုက်ရှိ အကြီးမားဆုံးသော ကားပြပွဲအဖြစ် ဂုဏ်ပြုချီးမွမ်းခြင်းခံရသည ်။ ၇။ ဂွတ်(ဒ်)ဝု(ဒ်) ကားပွဲတော် (Goodwood Festival of Speed) Source: Getty Images ဂွတ်(ဒ်)ဝု(ဒ်) ကားပွဲတော်ကို အင်္ဂလန်နိုင်ငံ အနောက်ဆက်စ(ပ်)မြို့တွင် ဂျွန် (သို့မဟုတ်) ဂျွန်လိုင် လများအတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ပွဲတော်ကျင်းပစဉ် သုံးရက်အတွင်း တစ်ရက်ကို လူ တစ်သိန်းကျော်လာရောက်ကြည့်ရှုကြသော ပွဲဖြစ်သည်။ ပွဲကို အင်္ဂလန်ကားသမိုင်းကြောင်းအရ အရေးကြီးလှသောနေရာဖြစ်သည့် ဂွတ်(ဒ်)ဝု(ဒ်) မြေပေါ်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ စိတ်ဝင်စားစရာ အစီအစဉ်များစွာလည်းပါဝင်သည်။ ၆။ ပတ်ဘယ်(လ်)ကမ်းခြေ ကားသီတင်းပတ် (Pebble Beach Car Week) AFP/Getty Images နွေရာသီရောက်တိုင်း ကယ်လယ်ဖိုးနီးယားပြည်နယ် ပတ်ဘယ်(လ်)ကမ်းခြေတွင် လေလံတင်ခြင်း၊ cocktail သောက်သုံးခြင်းနှင့် ကားများကို အကဲဖြတ်ခြင်းတို့ပါဝင်သော ပွဲများစွာကို ကျင်းပပြု လုပ်ကြသည်။ နာမည်ကျော်ကြားလှသော အဆိုပါကားပြပွဲသို့ နာမည်ကြီးကြယ်ပွင့်များ၊ ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်အချို့ များ တက်ရောက်ကြပြီး သီတင်းပတ်တစ်ပတ်အတွင်း ကားများကို သန်းနှင့်ချီအသုံးပြုကာ လေလံဆွဲကြသည်။ ယင်းပွဲတွင် ကမ္ဘာ့အရှားပါးဆုံး ကားမော်ဒယ်များကို လည်း ခင်းကျင်းပြသထားသည်။ ၅။ ပဲရစ်ကားပြပွဲ (Paris Motor Show) AFP/Getty Images ပဲရစ်ကားပြပွဲသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးကားပြပွဲဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ကားဒီဇိုင်းထုတ်လုပ် သူများက ၎င်းတို့၏ နောက်ဆုံး concept models များကို လာရောက်ပြသရာ အဓိကပွဲကြီး ဖြစ်လာခဲ့သည်။ ပထမဦးဆုံးသော ပဲရစ်ကားပြပွဲကို ၁၈၉၈ တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစြ် ပီး နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှ ိသည်။ ၄။ နိုင်ငံတကာ ဂျီနီဗာကားပြပွဲ (International Geneva Motor Show) Harold Cunningham/Getty Images ဂျီနီဗာမြို့သည် ကမ္ဘာ့အရေးကိစ္စများနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုး တွေ့ဆုံလေ့ရှိသော နေရာဖြစ်ပြီး နိုင်ငံတကာ ဂျီနာဗာကားပြပွဲသည် ယင်းတို့ထဲမှ တစ်ခုဖြစ်သည်။ မတ်လတိုင်းတွင် မြို့တော်ရှိ Palexpo ခန်းမသည် သိန်းနှင့်ချီသော ကားများနှင့် ကားလုပ်ငန်းစုအရာရှိများ၏ အိမ်လိုဖြစ်လာခဲ့ပြီး ကားချစ်သူများအားလုံးမှာ ကမ္ဘာ့အကြီးကျယ်ဆုံး ကားထုတ်လုပ်သူများက ပြသသည့် နောက်ဆုံးပေါ်ကားများကို မြင်တွေ့ခွင့်ရကြသည်။ ယခုအခါတွင် နိုင်ငံတကာ ဂျီနီဗာကားပြပွဲသည် တစ်နှစ်တာတွင်း အကောင်းဆုံး ကားလုပ်ငန်းစုဆိုင်ရာ ပြပွဲများထဲက တစ်ခုဖြစ်လာပြီး ကားသစ်များနှင့် concept models များကို လက်ခံပြသရာ ပြပွဲဖြစ်လာခဲ့သည်။ ၃။ ရှန်ဟိုင်းကားပြပွဲ (Auto Shanghai) AFP/Getty Images တရုတ်နိုင်ငံ ပြည်သူများသည် ကားများကို စွဲလမ်းလာကြပြီး ယင်းကြောင့် ကားလုပ်ငန်းစုမှာလည်း ကြီးထွားလာရသည်။ လူဦးရေများပြားလွန်သည့် နိုင်ငံလည်းဖြစ်လေရာ အလားအလာရှိသော ဖောက်သည်ဦးရေများစွာရှိသည် ။ ရှန်ဟိုင်းကားပြပွဲကို ၁၉၈ဝ ကာလကတည်းက စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်တစ်ကြိမ်ကျင်းပခြင် းဖြစ်သည်။ ယင်းပြပွဲသည် မြောက်အမေရိကနှင့် ဥရောပ ကားလုပ်ငန်းများက အာရှဈေးကွက်အတွက် ထုတ်လုပ်ထားသော ၎င်းတို့၏ ကားများကို ပြသသောပွဲလည်းဖြစ်သည်။ ၂။ ဝု(ဒ်)ဝတ်(ဒ်) အိမ်မက်ကားပွဲတော် (Woodward Dream Cruise) Bill Pugliano/Getty Images နာမည်ကျော်ကြားလှသည် ဝု(ဒ်)ဝတ်(ဒ်)အိမ်မက်ကားပွဲတော်သည် ကားချစ်သူများ၏ လောက နိဗ္ဗာန်ဘုံပင်ဖြစ်သည်။ အမေရိကန် muscle ကားများ၊ hot rods ကား သုံးသောင်းကျော်ကို အမေရိကန်နိုင်ငံ ဒက်ထရိုက်မြို့စွန် ဝု(ဒ်)ဝတ်(ဒ်)ရိပ်သာတွင် ပြသသွားခြင်းဖြစ်ရာ ကားချစ်သူ သိန်းနှင့်ချီလာရောက်ကြည့်ရှုကြသော ပွဲတော်ဖြစ်သည်။ အိမ်မက်ကားပွဲတော်ကို ကုန်တင်ကား ယဉ်မောင်းသမားများက ဝု(ဒ်)ဝတ်(ဒ်) ရိပ်သာလမ်းမများပေါ်တွင် ယှဉ်ပြိုင်ခဲ့သော ၁၈၄၈ ကတည်းက ကျင်းပခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယင်းလမ်းများကို ကားများယှဉ်ပြိုင်မောင်း နှင်ရာလမ်းများ အသုံးပြုခဲ့ပြီး ယခုအခါတွင် နှစ်စဉ် သြဂုတ်လ တတိယအပတ် စနေ့နေ့တွင် အိမ်မက်ကားပွဲတော်ကို ကျင်းပပြုလုပ်သောနေရာဖြစ်လာ ခဲ့သည်။ ယင်းသည် နေ့ရက်တစ်ရက် တည်းသာ ကျင်းပပြုလုပ်သည့် ကမ္ဘာအကြီးမားဆုံးသော ကားပြပွဲဖြစ်သည်၁။ ဖရန့်ဖက်(ပ်) ကားပြပွဲ (Frankfurt Motor Show) Thomas Lohnes/Getty Images ကားပြပွဲများအားလုံး၏ ဘုရင်မှာ ဖရန့်ဖက်(ပ်)ကားပြပွဲဖြစ်သည ်ကို ငြင်းဖွယ်ရာမရှိပါ။ ယင်းကားပြ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ၁၉၉၁ မှစတင်ကာ နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။ စုံကဏန်း ကျသော နှစ်များတွင် ဂျာမဏီနိုင်ငံ ဟန်အိုဗာမြို့၌ လုံးငန်းသုံးယာဉ်များကို ပြသသောပွဲကို ကျင်းပ ပြုလုပ်ပြီး မဂဏန်းကျသောနှစ်များတွင် လူစီးယာဉ်များကို ဖရန့်ဖက်(ပ်)မြို့၌ ပြသောပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အခြားသော အဓိက ကားပြပွဲကဲ့သို့ပင် ဖရန့်ဖက်(ပ်) ကားပြပွဲကို ၁၈ဝဝ အလွန်ကာလများကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှောင်းပိုင်းတွင် ကမ္ဘာအကြီးဆုံးနှင့် အကောင်း ဆုံးကားများပြသသော ပွဲတော်အဖြစ် ကြီးထွားလာခဲ့သည်။

Author