FUSO Myanmar မှပါဝင်အားဖြည့်ထားသော WLC - World Lethwei Championship: Battlebones အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

0

Full article

၂၉၊ ဇန်နဝါရီ၊ ၂၀၂၀ - လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့၊ ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမအတွင်း ညနေ ၅ နာရီ၌ စတင်ကျင်းပမည့် ၁၁ ကြိမ်မြောက်နှင့် ၂၀၂၀ ခုနှစ်အတွက် ပထမဆုံး  WLC - World Lethwei Championship: Battlebones ၏သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇန်နဝါရီ၊ ၂၉ ၊ ဗုဒ္ဓဟူးနေ့) တွင် Pyay Garden Residence ၌ပြုလုပ်ခဲ့သည်။

WLC: Battlebones ၏ခေါင်ပွဲအဖြစ် မြန်မာ့လက်ဝှေ့ကျော်၊ လက်ရှိ WLC မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ တူးတူးသည် ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ဥဇဘက်ကစ္စတန်နိုင်ငံသား ဝါရင့်လက်ဝှေ့ကျော် တူတာဗို့နဲ့ ရင်ဆိုင်ထိုးသတ်သွားမည်ဟုသိရသည်။ ၂၀၁၄ ခုနှစ်အတွင်း သူတို့နှစ်ဦး မတူညီတဲ့ကြိုးဝိုင်းအတွင်း ရင်ဆိုင်ခဲ့ချိန်က ရလဒ်ကို တူးတူးအနေဖြင့် ပြန်လည်ချေဖျက်နိုင်မည်လား ဆိုသည်ကတော့ ယခု Battlebones ပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုဖြစ်လာပေလိမ့်မည်။ ဒုတိယ ခေါင်ပွဲတွင် WLC ပွဲဦးထွက်အဖြစ် ကမ္ဘောဒီယား နံပါတ် ၁ လက်ဝှေ့သမား ဆော့ရိသ်ဝင်ရောက်ထိုးသတ်သွားမည်ဖြစ်ပြီး လူငယ်လက်ဝှေ့ကျော် စောကောင်းထက်သည် အီတလီလက်ဝှေ့သမား ဆင်မြူရယ်တော့စ်ကာနိုကို ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဟုလည်းသိရသည်။

အဆိုပါ WLC - World Lethwei Championship: Battlebones ပွဲလက်မှတ်ဈေးနှုန်းများမှာ ၁၅,၀၀၀ ကျပ်နှင့် ၃၀,၀၀၀ ကျပ်တို့ဖြစ်ကြပြီး CANAL+ Myanmar FG and UFC Fight Pass တွင် Live အနေဖြင့်တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟုလည်းသိရသည်။ ယခု WLC - World Lethwei Championship: Battlebones အား FUSO Myanmar မှလည်း ပါဝင်အားဖြည့်ထားသေးသည်။

FUSO အကြောင်း

FUSO သည် ကမ္ဘာ့အအောင်မြင်ဆုံးမော်တော်ယာဉ်ကုမ္ပဏီများအနက်မှတစ်ခုဖြစ်သည့် Daimler AG ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ Mercedes-Benz ခရီးသည်တင်ကားများ၊ ဗင်ကားများ၊ Daimler ကုန်တင်ကားများ၊​ ဘက်စ်ကားများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့်အတူ Daimler Group သည် ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်သူနှင့် ကမ္ဘာအနှံ့အပြားတွင် စီးပွားဖြစ်မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီများဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏နောက်ဆုံးနယ်နိမိတ်ဖြစ်သည်နှင့်အညီ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများစွာရှိနေပါသည်။ ထို့အတွက်ကြောင့် Cycle and Carriage Myanmar သည် ပြည်တွင်းတရားဝင်ဖြန့်ဖြူးရောင်းချနေသူအနေဖြင့် အရည်အသွေးစိတ်ချယုံကြည်ရသော အရောင်းနှင့် ဝယ်ယူပြီးနောက် ဝန်ဆောင်မှုများရွေးချယ်စရာများရှိသည့်အတွက် စိုးရိမ်ပူပန်မှုကင်းမဲ့သည့် အတွေ့အကြုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် သေချာစေပါသည်။

အာရှနိုင်ငံတွင်ရှိသော Daimler Truck များအကြောင်း

Daimler Trucks Asia (DTA) သည် Mitsubishi FUSO Truck and Bus Corporation (MFTBC) နှင့် ဖက်စပ်လည်ပတ်လျက်ရှိသည့် အဖွဲ့အစည်းယူနစ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ စီးပွားဖြစ် မော်တော်ယာဉ်ထုတ်လုပ်ရေးသမိုင်းတွင် နှစ်ပေါင်း ၈၀ ကျော်အခိုင်အမာပုံရိပ်ကောင်းရရှိရပ်တည်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပါတယ်။ Daimler India Commercial Vehicles (DICV) သည် အိန္ဒိယနိုင်ငံဈေးကွက်တွင် နုပျိုသော စိန်ခေါ်သူအဖြစ် ရပ်တည်နေပါတယ်။ DTA အနေဖြင့် အကောင်းဆုံးသော အဖိုးတန်ထွက်ကုန်များကို ဆောင်ကျဉ်းနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ၊ အရင်းအမြစ်များ၊ ကုန်ထုတ်လုပ်ငန်းနှင့် သွင်းကုန်လုပ်ငန်းများ၊ ထွက်ကုန်များကို ဖွံ့ဖြိုးတိုးတက်စေခြင်းများအတွက် ပူးပေါင်းဆောင်ရက်ရန် မဟာဗျူဟာကျသော စီးပွားရေးမော်ဒယ်ဖော်ဆောင်ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် FUSO သည် အောက်ပါထရပ်ကားများကို ဖြန့်ဝေရောင်းချလျက်ရှိသည်။

၁။ Light Duty Segment - Canter မော်ဒယ်များ ၁၀ ပေ၊ ၁၄ ပေ နှင့် ၁၆ ပေ

၂။ Medium Duty Segment -  FA & FI မော်ဒယ်များ

၃။ Heavy Duty Segment - FJ မော်ဒယ်

၄။ Heavy Duty Tractor Head - FZ & TV မော်ဒယ်များ

Author