FUSO Myanmar ရဲ့ ပါဝင်ပူးပေါင်းမှုနဲ့အတူ ခမ်းနားစွာပြီးဆုံးခဲ့တဲ့ WLC-World Lethwei Championship: Battlebones ပွဲကြီး

0

Full article

ဇန်နဝါရီလ ၃၁ရက်နေ့၊ သိမ်ဖြူအားကစားခန်းမထဲမှာ ကျင်းပပြုလုပ်တဲ့ WLC-World Lethwei Championship: Battlebones ပွဲကြီးကတော့ FUSO Myanmar ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ခမ်းနားစွာပြီးဆုံးခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာ့လက်ဝှေ့ဆိုတာ ကြမ်းတမ်းတဲ့တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ကြတဲ့ အမိုက်စားတိုက်ခိုက်ရေးပွဲကြီးတစ်ပွဲပါ။

အကြမ်းခံခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းတို့အပြင် စွမ်းအင်ခြွေတာမှုနဲ့ လုံခြုံစိတ်ချရမှုအပိုင်းတွေနဲ့ ပြည့်စုံတဲ့ FUSO Myanmar ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ မြန်မာတွေရဲ့ သည်းခြေကြိုက်လက်ဝှေ့ပွဲကြီးဟာ မယ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲအပါအဝင် တွဲဆိုင်း ၈ ဆိုင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ထိုးသတ်သွားခဲ့ကြပါတယ်။

  • ပထမဆုံးပွဲစဉ်အဖြစ် လိုက်ဝိတ်လေးချီပွဲမှာ လင်းထက်နိုင် (သုဝဏ္ဏဘူမိ) နဲ့ ဇင်ဘို (Yangon Fight Club) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး လင်းထက်နိုင်က အမှတ်ဖြင့်လည်းကောင်း
  • ဒုတိယပွဲစဉ်အဖြစ် လိုက်ဝယ်လ်တာဝိတ်ငါးချီပွဲမှာ အဲမွီ (နဂါးမင်း) နဲ့ သားဝင်းထွန်း (ခြ‌င်္သေ့မင်း) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အဲမွီက အလဲထိုးဖြင့်လည်းကောင်း
  • တတိယပွဲစဉ်အဖြစ် လိုက်ဝယ်လ်တာဝိတ်ငါးချီပွဲမှာ စောလှမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ) နဲ့ ထွန်းလင်းအောင် (ဒို့ရိုးရာ) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး စောလှမင်းက အကွဲထိုးဖြင့်လည်းကောင်း
  • စတုတ္တမြောက်ပွဲစဉ်အဖြစ် လိုက်ဝိတ်ငါးချီပွဲမှာ ဟိန်းထွန်းအောင် (မြန်မာ) နဲ့ အမ်ဆိုသီ (ကမ္ဘောဒီးယား) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဟိန်းထွန်းအောင်က အမှတ်ဖြင့်လည်းကောင်း
  • ပဥ္စမမြောက်ပွဲစဉ်အဖြစ် ဝယ်လ်တာဝိတ်ငါးချီပွဲမှာ စောကောင်းထက် (မြန်မာ) နဲ့ ဆင်မြူရယ်တော့စ်ကာနို (အီတလီ) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဆင်မြူရယ်တော့စ်ကာနိုက အမှတ်ဖြင့်လည်းကောင်း
  • ဆဌမမြောက်ပွဲစဉ်အဖြစ် ဘင်တန်ဝိတ်သုံးချီပွဲမှာ ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) နဲ့ ထရန်သီလျူအာ (ဗီယက်နမ်) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဆိုရိစ်မန်ဖရက်ဒီက အလဲထိုးဖြင့်လည်းကောင်း
  • သတ္တမမြောက်ပွဲစဉ်အဖြစ် ဘင်တန်ဝိတ်ငါးချီပွဲမှာ စိုးမင်းအောင် (မြန်မာ) နဲ့ ဆော့ရစ်သ် (ကမ္ဘောဒီယား) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး စိုးမင်းအောင်က အလဲထိုးဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိသွားခဲ့ကြပြီး
  • အဌမမြောက်ပွဲစဉ်အဖြစ် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ ငါးချီပွဲမှာ တူးတူး (မြန်မာ) နဲ့ တူတာဗို့ (ဥဇဘတ်ကစ္စတန်) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး တူတာဗို့က အမှတ်ဖြင့်အနိုင်ရရှိကာ ကမ္ဘာ့မစ်ဒယ်ဝိတ်လက်ဝှေ့ချန်ပီယံဘွဲ့ကို တူးတူးထံမှ လွှဲပြောင်းရယူနိုင်ခဲ့သည်။

WLC-World Lethwei Championship: Battlebones ပွဲကြီးမှာ ပါဝင်ပူးပေါင်းခဲ့တဲ့ FUSO Myanmar ကတော့ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ သုံးစွဲနေတဲ့ အမှတ်တံဆိပ်တစ်ခုပဲဖြစ်ပါသည်။ ၄ တန်ကနေ ၆၅ တန်အထိ ပြီးပြည့်စုံတဲ့ FUSO Truck ကားတွေအပြင် ရုံးသုံး၊ ကျောင်းသုံး၊ ခရီးသွားလုပ်ငန်းတွေသုံးဖို့အတွက်လည်း အဆင့်မြင့် ROSA 30 Seater ကားတွေကိုပါထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး ယခုအောင်မြင်စွာပြီးဆုံးသွားတဲ့ WLC-World Lethwei Championship: Battlebones ပွဲကြီးမှာ အဓိက ကူညီပံ့ပိုးပေးသွားခဲ့တယ်လို့ သိရပါတယ်။

FUSO အကြောင်း

FUSO သည် ကမ္ဘာ့အအောင်မြင်ဆုံးမော်တော်ယာဉ်ကုမ္ပဏီများအနက်မှတစ်ခုဖြစ်သည့် Daimler AG ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ Mercedes-Benz ခရီးသည်တင်ကားများ၊ ဗင်ကားများ၊ Daimler ကုန်တင်ကားများ၊​ ဘက်စ်ကားများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့်အတူ Daimler Group သည် ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်သူနှင့် ကမ္ဘာအနှံ့အပြားတွင် စီးပွားဖြစ်မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီများဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏နောက်ဆုံးနယ်နိမိတ်ဖြစ်သည်နှင့်အညီ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများစွာရှိနေပါသည်။ ထို့အတွက်ကြောင့် Cycle and Carriage Myanmar သည် ပြည်တွင်းတရားဝင်ဖြန့်ဖြူးရောင်းချနေသူအနေဖြင့် အရည်အသွေးစိတ်ချယုံကြည်ရသော အရောင်းနှင့် ဝယ်ယူပြီးနောက် ဝန်ဆောင်မှုများရွေးချယ်စရာများရှိသည့်အတွက် စိုးရိမ်ပူပန်မှုကင်းမဲ့သည့် အတွေ့အကြုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် သေချာစေပါသည်။

အာရှနိုင်ငံတွင်ရှိသော Daimler Truck များအကြောင်း

Daimler Trucks Asia (DTA) သည် Mitsubishi FUSO Truck and Bus Corporation (MFTBC) နှင့် ဖက်စပ်လည်ပတ်လျက်ရှိသည့် အဖွဲ့အစည်းယူနစ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ စီးပွားဖြစ် မော်တော်ယာဉ်ထုတ်လုပ်ရေးသမိုင်းတွင် နှစ်ပေါင်း ၈၀ ကျော်အခိုင်အမာပုံရိပ်ကောင်းရရှိရပ်တည်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပါတယ်။ Daimler India Commercial Vehicles (DICV) သည် အိန္ဒိယနိုင်ငံဈေးကွက်တွင် နုပျိုသော စိန်ခေါ်သူအဖြစ် ရပ်တည်နေပါတယ်။ DTA အနေဖြင့် အကောင်းဆုံးသော အဖိုးတန်ထွက်ကုန်များကို ဆောင်ကျဉ်းနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ၊ အရင်းအမြစ်များ၊ ကုန်ထုတ်လုပ်ငန်းနှင့် သွင်းကုန်လုပ်ငန်းများ၊ ထွက်ကုန်များကို ဖွံ့ဖြိုးတိုးတက်စေခြင်းများအတွက် ပူးပေါင်းဆောင်ရက်ရန် မဟာဗျူဟာကျသော စီးပွားရေးမော်ဒယ်ဖော်ဆောင်ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် FUSO သည် အောက်ပါထရပ်ကားများကို ဖြန့်ဝေရောင်းချလျက်ရှိသည်။

၁။ Light Duty Segment - Canter မော်ဒယ်များ ၁၀ ပေ၊ ၁၄ ပေ နှင့် ၁၆ ပေ

၂။ Medium Duty Segment -  FA & FI မော်ဒယ်များ

၃။ Heavy Duty Segment - FJ မော်ဒယ်

၄။ Heavy Duty Tractor Head - FZ & TV မော်ဒယ်များ

Author