လိုင်စင်မဲ့ကားများ၊ စည်းကမ်းဖောက်ဖျက်ကားများ ယာဉ်ထိန်းအင်အား ထုထည်နှင့် ဖမ်းဆီးမှုပြုလုပ်သွားမည်

0

Full article

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင်သွားလာနေသော လိုင်စင်မဲ့ကားများနှင့် စည်းကမ်းဖောက်ဖျက်ကားများကို ယာဉ်ထိန်းအင်အား ထုထည်နှင့် ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသော ယာဉ်အစီးရေ ၆ သိန်း နီးပါးခန့်ရှိရာ စည်းကမ်းဖောက်ဖျက်သွားလာနေသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေကာ လိုင်စင်မဲ့ Without ကားများ ဖမ်းဆီးရမိပါက သိမ်းဆည်းသွားမည်ဖြစ်ပြီး ယာဉ်မောင်းနှင်သူကိုလည်း ထုတ်ကုန်သွင်းကုန် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ကားတွေ စည်းကမ်းဖောက်ဖျက်တဲ့ကားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတာတွေရှိပါတယ်။ နောက်ပိုင်းလည်း ဒီကားတွေကို အင်တိုက်အားတိုက် ထိထိရောက်ရောက် ဖမ်းဆီးတာမျိုးတွေ လုပ်သွားမှာပါ။၂ဝ၁၈ တစ်နှစ်ထဲမှာ လိုင်စင်မဲ့ကားအစီးရေ ၁၃ဝ ကျော်ဖမ်းဆီးနိုင်ခဲ့တယ်။ ဖမ်းဆီးရမိတဲ့ ကားအများစုက ရပ်နားထားတဲ့ ပိုင်ရှင်မဲ့ကားတွေများတယ်။ ရန်ကုန်တိုင်းမှာ တောင်ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တွေမှာ အများဆုံးဖမ်းဆီးရမိတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်များအလိုက် လိုင်စင်မဲ့ယာဉ်များနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားသည့် သတ်မှတ်နံပတ်ပြား မဟုတ်သည့် ယာဉ်များကို အထူးစီမံချက်ဖြင့် အဖွဲ့ ၃ဝ ဖွဲ့စည်းပြီး တစ်ရက်လျှင် ၁ဝ ဖွဲ့နှုန်းဖြင့် ထိရောက်စွာဖမ်းဆီးစစ်ဆေးနေရာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ လိုင်စင်မဲ့ကား အစီးရေ ၁၃၅ စီး၊ စည်းကမ်းဖောက်ဖျက်ကားအစီးရေ ၂ ထောင် နီးပါးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Author

Comments