လူမူကွန်ရက် ဝက်ဆိုဒ်တွင် လိုင်စင်မဲ့ကားများရောင်းနေသည့် အကောင့်ပေါင်း ၆ဝ ကျော်ကို စစ်ဆေးဖော်ထုတ်အရေးယူသွားမည်

0

Full article

လူမူကွန်ရက် ဝက်ဆိုဒ်တွင် လိုင်စင်မဲ့ကားရောင်းချသူများနှင့် စာရွက်စာတမ်း အတု အရောင်းအဝယ်ပြုလုပ်နေသည့် အကာင့် ပေါင်း ၆ဝ ကျော်ကို စစ်ဆေးဖော်ထုတ်အရေးယူသွားမည်
ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနက သိရသည်။ လူမူကွန်ရက် ဝက်ဆိုဒ်များတွင် တင်ထားသော တရားမဝင်လိုင်စင်မဲ့ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသည့် အကောင့်များကို စစ်ဆေးဖော်ထုတ်အရေးယူရန် မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန သို့ တင်ပြထားရှိပြီးဖြစ်ရာ စုံစမ်းမှူများ ပြုလုပ်နေတယ်လို့လည်း သိရပါသည်။ " လူမူကွန်ရက် မှာ လိုင်စင်မဲ့ကားတွေ စာရွက်စာတမ်း တွေအတုလုပ်ပြီး ရောင်းချနေတဲ့ အကောင့်ပေါ်င်း ၆ဝ ကျော်လောက်ရှိပါတယ်။ ဒါတွေကို စစ်ဆေးပြီး အရေးယူသွားဖို့ လုပ်နေပါပြီ။ လိုင်စင်မဲ့ without ကားတွေ ကို ထိထိရောက်ရောက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန က အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ တရားမဝင် (မှတ်ပုံတင်မဲ့) မော်တော်ယာဉ်များအား စစ်ဆေး ဖော်ထုတ် အရေးယူနိုင်ရေးတို့ အတွက် RFID (Radio Frequency Identification)  စနစ် ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ရန် နိုင်ငံတော်အစိုးရမှအဖွဲ့ကလည်း ညွန်ကြားထားပြီးဖြစ်တယ်လို့ သိရပါသည်။ ထိုသို့ လူမူကွန်ရက် ဝက်ဆိုဒ်တွင် အရောင်းအဝယ်ပြုလုပ်နေသည့် လိုင်စင်မဲ့ Without ကားများနှင့် မော်တော်ယာဉ်အုံနာဘုတ်များ ၊ ဝှီးတက်များ ရှိနေရာ စစ်ဆေးဖော်ထုတ်ဖမ်းဆီးရမိပါက ဆက်သွယ်ရေးဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Unicode Version



Author