လိုင်စင်မဲ့ကား ဖမ်းဆီးရရှိမှု အများဆုံးတွင် နံပါတ်အနက် ဆလွန်းကားအများဆုံး ဖြစ်နေ

0

Full article

Zawgyi လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့ကားအများစုမှာ နံပတ်အနက် အိမ်စီး Saloon ကား အများဆုံးဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံကနေ သိရသည်။"လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးတဲ့ အထဲမှာ အိမ်စီးကား နံပါတ်အနက် saloon ကားတွေ များတယ်။ ထိထိရောက်ရောက် ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။

အဓိက ဖမ်းဆီးရမိတဲ့ ကားတွေက ALphard တို့လို Crown Mark II စတဲ့ မိုဒယ်မြင့်ကားတွေများပါတယ်။ ဖမ်းဆီးမိရင် နိုင်ငံတော်ပိုင် သိမ်းဆည်းသွားမှာပါ။"လို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလတွင် ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကား အစီး ၉ဝ ကျော်အထိ ဖမ်းဆီးရရှိခဲ့ပြီး ကားဈေးများမြင့်တက်လာမှုများကြောင့် လိုင်စင်မဲ့ Without ကားများကို စီးနင်းမှုများပြားလာနေကြောင်း သိရပါသည်။

လာမည့် ၂ဝ၁၈ အတွက် ပြည်ပနိုင်ငံများမှ ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းအမျိူးအစားများသာ တင်သွင်းရမည်ဟူသော သတ်မှတ်ခြင်းကြောင့် မြဝတီနယ်စပ်က without ကားတင်သွင်းမှုမှာ တရက်လျှင် အစီးရေ ၁၂ဝ အထိ များပြားလာနေသည်ဟု နယ်စပ်ဒေသက တစ်ဆင့် မော်တော်ယာဉ်တင်သွင်းနေသူများထံကနေ သိရ သည်။

Author