လိုင်စင်မဲ့ကားများ ထိရောက်စွာဖမ်းဆီးရန် နိုင်ငံတော်သမ္မတထံ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက တင်ပြမည်

0

Full article

နယ်စပ်ဒေသများက တရားမဝင် ဝင်ရောက်လာနေသော လိုင်စင်မဲ့ကားများ ထိရောက်စွာဖမ်းဆီးရန် နိုင်ငံတော်သမ္မတထံ ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များက တင်ပြသွားရန်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

တရားမဝင် တင်သွင်းလာသော လိုင်စင်မဲ့ without ကားများသာ မဟုတ်ဘဲ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများကို ထိန်းချူပ် ဟန့်တားရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များက နိုင်ငံတော်သမ္မတထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

" လိုင်စင်မဲ့ကား တွေကို ထိထိရောက်ရောက် ဖမ်းဆီးဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက နိုင်ငံတော်သမ္မတထံတင်ပြဖို့လုပ်နေကြတယ်။ လိုင်စင်မဲ့ကားတွေမှမဟုတ်ဘူး၊ နယ်စပ်က တရားမဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုလည်း ထိန်းချူပ်ဖို့လုပ်နေတယ်။နောက်ပိုင်းဆို တရားမဝင်ကားတွေသွားလာတာကို နိုင်ငံတကာလို တံတားတွေပေါ်ကနေပဲ ဖြတ်သန်းခွင့်ပြုမှာပါ။"ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ကားများ အများဆုံးဝင်ရောက်လာမှုများက ထိုင်းနိုင်ငံ မြဝတီနယ်စပ်က တစ်ဆင့် ဝင်ရောက်မှုများရှိနေရာ တရားဝင်တင်သွင်းလာသော ကားများအား မူဝါဒများထုတ်ပြန်၍ ကန့်သတ်ထားပြီး အခွန်အခများ ကောက်ခံနေသော်လည်း တရားမဝင်လိုင်စင်မဲ့ ကားများကို ထိန်းချူပ်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရပါသည်။

Law Enforcement

.

Author