နေပြည်တော်တွင် ဖမ်းဆီးထားသော လိုင်စင်မဲ့ကားများကို သမ္မတရုံး ညွှန်ကြားချက်အတိုင်း ဆောင်ရွက် မည်

0

Full article

နေပြည်တော်တိုင်းဒေသကြီး အတွင်း တရက်ထဲတွင် ဖမ်းဆီးရမိထားသည့် လိုင်စင် မဲ့ကား ၉ စီးကို သမ္မတရုံး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာရပ်ကွက်လမ်းအမှတ် (၂၁)မှ အားသစ် မာန်ရေဆေးဆီလိုက်ဆိုင်တွင် လိုင်စင်မဲ့ အိမ်စီးကားများကို သြဂုတ်လ ၁၄ ရက်နေ့က ဝင်ရောက်ဖမ်းဆီးရာ လိုင်စင်မဲ့ ကား ၉ စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ နေပြည်တော်အတွင် လိုင်စင်မဲ့ကားများကို အစုလိုက်ဖော်ထုတ် ဖမ်းဆီးရမိခြင်း သည် ပထမဆုံးဦးဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။ "ဒီကားတွေကို နိုင်ငံတော်ပိုင်သိမ်း မယ်။ နိုင်ငံတော်ပိုင်သိမ်းပြီး နိုင်ငံတော်သမ္မတရုံးရဲ့ အစီအမံနဲ့ စီမံစီးပွားက ဘယ်လိုဆက်ဆောင်ရွက်မလဲပေါ့။ လောလောဆယ် တရားရုံးကနေပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းတာ တွေလုပ်ရဦးမယ်" ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှုးကြီးဇော်ခင်အောင်ကပြောပါတယ်။ လိုင်စင်မဲ့ကားများ လက်ဝယ်တွေ့ရှိထားသူကို ပို့ကုန်သွင်း ကုန် ဥပဒေပုဒ်မ ၈နဲ့ပဲ အရေးယူသွားမည်ဖြစ်ရာ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမှာဖြစ်တယ်လို့ သိရပါသည်။

ခေတ်သစ်

Author