လိုင်စင်မဲ့ကား ရှိနေမှုကိုတိကျစွာ သတင်းပေးပါက နေအိမ် ခြံဝန်းများအတွင်း ဝင်ရောက်ဖမ်းဆီးသွားမည်

0

Full article

ရန်ကုန်တိုင်းအတွင်းမှာ လိုင်စင်မဲ့ကား ရှိနေမှုကို တိကျစွာ သတင်းပေးပါက နေအိမ်ခြံဝန်းများအတွင်း ဝင်ရောက်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

၂၀၁၈ ခုနှစ်အတွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ without ကားဖမ်းဆီးရရှိခဲ့မှုမှာ ၂၄ စီးအထိ ရှိခဲ့ပြီး အိမ်စီး ဆလွန်းကား အများဆုံး ဖမ်းဆီးရရှိခေဲ့ကြာင်း သိရသည်။

"လိုင်စင်မဲ့ ကေားတွဟုတ်မဟုတ်ဆိုတာ စစ်ဆေးတဲ့ ဆော့ဝဲလ်ရှိပါတယ်။ ခြံဝန်းတွေထဲမှာ လိုင်စင်မဲ့ကေားတွကို တိတိကျကျ သတင်းပေးရင်တော့ ဝင်ရောက်ဖမ်းဆီးသွားမှာပါ။ လိုင်စင်မဲ့ ကားရှိတယ်ဆိုတဲ့ သတင်းကမှေားနရင်တော့ ဝင်ပြီးရှာရတာ မလွယ်ဘူး" လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးက အရာရှိတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ကားများ ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ၂၀၁၇ ခုနှစ်အတွင်းမှာ ရန်ကုန်တိုင်းတွင် ကားအစေီးရ ၁၄၉ စီးအထိ ဖမ်းဆီးရမိခဲ့ပြီး မွန်ပြည်နယ်မှာ လိုင်စင်မဲ့ကား အစေီးရ အများဆုံးဖမ်းဆီးရရှိကြောင်း သိရသည်။

Author