လိုင်စင်မဲ့ လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကို ဖမ်းဆီးနေခြင်းကြောင့် လူမူရေးပရဟိတလုပ်ငန်းများရပ်နားထားရ

0

Full article

လူမူရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် လိုင်စင်မဲ့ လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ် များကို ဖမ်းဆီးနေခြင်းကြောင့် လူမူရေးပရဟိတလုပ်ငန်းများရပ်နားထားရကြောင်း နာရေးကူညီမှုလုပ်ငန်းလုပ်ကိုင်နေသော လူမူရေးပရဟိတ အသင်းအဖွဲ့အများစုက ဝေဖန်ပြောဆိုနေကြသည်။

ပြည်နယ်တိုင်းများရှိ လူမူရေးလုပ်ငန်းများတွင် အသုံးပြုနေသော လိုင်စင်မဲ့ လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကို အလှူရှင်များက လှူဒါန်းထားခြင်းဖြစ်ပြီး ထိုယာဉ်များအား ဇူလိုင် ၁၁ ရက် နောက်ပိုင်းကစ၍ ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ကြေငြာထားရှိသည်။

" နယ်မှာအသုံးပြုနေတဲ့ လူမူရေးပရဟိတလုပ်ငန်းတွေနဲ့ နာရေးကူညီမှုအသင်းတွေရဲ့ လိုင်စင်မဲ့ လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ဖမ်းဆီးတော့မယ်လို့ သတင်းကြားနေရတယ်။လူမူရေးလုပ်ငန်းတွေလည်း တော်တော်များများရပ်ကုန်ကြပြီ။ ဒီကားတွေက အလှူရှင်တွေရဲ့ မရှိမဲ့ရှိမဲ့ ငွေလေးနဲ့ လှူဒါန်းထားတဲ့ကားတွေဖြစ်တယ်။ လူမူရေးလုပ်ငန်းကိုဗန်းပြပြီးလုပ်နေတဲ့သူတွေတော့မပြောလိုဘူး။ တစ်ချိူ့နယ်တွေဆိုရင် လူနာတင်ကားတွေ၊ နိဗ္ဗာန်ယာဉ် တွေမရှိကြဘူး။ အစိုးရအနေနဲ့ ဒီကားတွေကို အခွန်လေးသက်သက်သာသာနဲ့ လိုင်စင်မှတ်ပုံတင်လုပ်ပေးဖို့ လိုတယ်။ ပြည်သူ့အကျိူးလုပ်နေတဲ့အဖွဲ့တွေဖြစ်လို့ တက်နိုင်တဲ့ဘက်ကနေ ကူညီပေးစေချင်တယ်။"ဟု လူမူရေးပရဟိတလုပ်ငန်းလုပ်ကိုင်နေကြသူ ရှမ်းပြည်နယ် လူမူရေးအသင်းအဖွဲ့တစ်ဖွဲ့မှ ဦးညီညီမောင်က ပြောကြားသည်။

လက်ရှိတွင် ပြည်နယ်တိုင်းများဖြစ်သောရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ကြေညာထားရှိမှုတို့ကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ လူမှုကူညီရေးအသင်း ၅၈ သင်းမှာ ပရဟိတ လုပ်ငန်းများရပ်နားထားရပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ လူမှုကူညီရေးအသင်း ၅၇၇ သင်းသည်လည်း လူနာတင်ယာဉ်ပို့ဆောင်မှုကို ရပ်နားထားလျက်ရှိကြောင်း သိရသည်။

Regulation

Author