Full article

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လိုင်စင်မဲ့ without ကားများကို ဖမ်းဆီးရရှိမှုမှာ ၂ဝ၁၇ ဒီဇင်ဘာလတွင် လိုင်စင်မဲ့ကား ၁၆ စီးသာဖမ်းဆီးရရှိခဲ့ပြီး ထိုအထဲမှ ရန်ကုန်တိုင်းတွင် ၆ စီးသာ ဖမ်းဆီးရခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးချူပ်က သိရပါသည်။

မြန်မာတစ်ပြည်လုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တရားမဝင် လိုင်စင်မဲ့ယာဉ်များကို ဒီဇင်ဘာလတွင် ဖမ်းဆီးရမိမှုများတွင် ရန်ကုန်တိုင်းဒေသကြီးတွင်း လိုင်စင်မဲ့ကား ၆ စီး၊ မွန်ပြည်နယ်တွင်လိုင်စင်မဲ့ကား ၈ စီးနှင့် တနင်္သာရီတိုင်းတွင် လိုင်စင်မဲ့ကား ၂ စီး စုစုပေါင်း လိုင်စင်မဲ့ကား ၁၆ စီးဖမ်းဆီးရရှိခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရရှိမှု မရှိခဲ့ကြောင်းသိရသည်။

"ပြီးခဲ့တဲနှစ် ဒီဇင်ဘာလမှာ လိုင်စင်မဲ့ကား ၁၆ စီးဖမ်းဆီးရရှိခဲ့ပါတယ်။ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးရမိ၍ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ အရေးယူပါတယ်။"ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးချူပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂ဝ၁၈ ခုနှစ်တွင် ပြည်ပက ကားတင်သွင်းမှုကို ၂ဝ၁၄ မိုဒယ်ကစပြီး ဘယ်မောင်းကားများတင်သွင်းရန် သတ်မှတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံကနေ လိုင်စင်မဲ့ without ကားတင်သွင်းမှုများ မြင့်တက်လာနေကြောင်း ကားတင်သွင်းသူ များက ပြောကြားသည်။

L-01

Author