လမ်းပေါ်၌ သွားသောလိုင်စင်မဲ့ကားများကိုသာ စစ်ဆေးဖမ်းဆီးမှုရှိပြီး ခြံဝန်းများအတွင်း ဝင်ရောက်ဖမ်းဆီးမှု မရှိ

0

Full article

လမ်းပေါ်၌ သွားသော လိုင်စင်မဲ့ကားများကိုသာ စစ်ဆေးဖမ်းဆီးမှုရှိပြီး ခြံဝန်းများအတွင်း ဝင်ရောက်ဖမ်းစီး စစ်ဆေးမှု လုပ်ဆောင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးကနေ သိရပါသည်။

"လမ်းတွေပေါ်မှာ သွားတဲ့ကားတွေပဲ ဖမ်းဆီးတာများတယ်။ နယ်တွေမှာလို ရန်ကုန်မှာ အိမ်ထဲတို့၊ ခြံထဲတို့ကိုတော့ ဝင်ပြီး ဖမ်းဆီးတာ မရှိပါဘူး။ သတင်းအတိအကျရရင် တစ်မျိူးပေါ့။ သတင်းမှားပေးပြီး ကားအမှန်ကို သွားစစ်ရင်လည်း ပြသနာတက်နိုင်တယ်။ သေချာတိကျပြီဆိုမှ စစ်ဆေးဖမ်းဆီးလို့ရတာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောပါတယ်။

လမ်းမများပေါ်တွင်သွားလာနေသော ကားများကိုလည်း လိုင်စင်မဲ့ Without ကားဟုတ်၊ မဟုတ် ဖမ်းဆီးစစ်ဆေး ရာတွင် ကား၏ ပုံသဏ္ဍန်နှင့် ယာဉ်နံပါတ်များကို ကြည့်ရှု၍ မသင်္ကာပါက စစ်ဆေးမှုပြုလုပ်နေကြောင်းသိရသည်။

လိုင်စင်မဲ့ without ကားများကို ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တွင် အများဆုံးဖမ်းဆီးရရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းတွင်း လိုင်စင်မဲ့ကား အစီး ၄ဝဝ နီးပါး ဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။

L-01

Author