အသစ်ထွက်ရှိလာသော ကားမူဝါဒကြောင့် မြဝတီနယ်စပ်က without ကားတင်သွင်းမှု တရက်လျှင် အစီးရေ ၁၂ဝ ခန့်ရှိ

0

Full article

Zawgyi လာမည့် ၂ဝ၁၈ အတွက် ပြည်ပနိုင်ငံများမှ ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းအမျိူးအစားများသာ တင်သွင်းရမည်ဟူသော သတ်မှတ်ခြင်းကြောင့် မြဝတီနယ်စပ်က without ကားတင်သွင်းမှုမှာ တရက်လျှင် အစီးရေ ၁၂ဝ အထိ များပြားလာနေသည်ဟု နယ်စပ်ဒေသက တစ်ဆင့် မော်တော်ယာဉ်တင်သွင်းနေသူများထံကနေ သိရ သည်။မြဝတီနယ်စပ်ကနေ လိုင်စင်မဲ့ without ကားတင်သွင်းမှုကို ထိရောက်စွာ စစ်ဆေးထိန်းချုပ်နိုင်ခြင်း မရှိသေးသလို ဘယ်မောင်းကားများသာ တင်သွင်းရမည်ဟူသော ကားမူဝါဒအသစ်ကြောင့် ဈေးနှုန်း မြင့်တက်လာနေရာ လိုင်စင်မဲ့ကားများကို ဝယ်ယူစီးနင်းမှု များပြားလာနိုင်သည်ဟု ကားတင်သွင်းသူလုပ်ငန်းရှင်များထံကနေ သိရသည်။

"ဘယ်မောင်းကားတွေပဲ တင်သွင်းရမယ်လို့ သတ်မှတ်တယ်။ အဲ့တော့ ကားဈေးတွေတက်လာတယ်။ လိုင်စင်မဲ့ကားတွေကို ကျတော့ ထိထိရောက်ရောက် လုပ်တာမရှိဘူး။ ကားဈေးတက်လာရင် လိုင်စင်မဲ့ကားကိုပဲ စီးတော့မှာ။ ဈေးနှုန်းကလည်း လိုင်စင်မဲ့ကားက တစ်စီးမှ သိန်း၃ဝ လောက်ပဲရှိတယ်။"ဟု နယ်စပ်ဒေသက တဆင့် ကားတင်သွင်းနေသူ တစ်ဦးဖြစ်သော ဦးသန့်ဇင်က ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ တရားမဝင် လိုင်စင်မဲ့ without ကားများကို ဖမ်းဆီးစစ်ဆေးရာတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ အများဆုံးဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။



/div>

Author