လိုင်စင်မဲ့ကားများ ဖမ်းဆီးမှူ ထိရောက်စွာမကိုင်တွယ်သောကြောင့်လိုင်စင်မဲ့ ကားများဝယ်ယူမှူများနေ

0

Full article

![](/redline/content/images/2017/05/fegeg-169x300.jpg)

လိုင်စင်မဲ့ကားများ ဖမ်းဆီးမှူ ထိရောက်စွာကိုင်တွယ်မှူအားနည်းနေသောကြောင့် လိုင်စင်မဲ့ ကားများ ဝယ်ယူမှုများနေကြောင်း မြဝတီ နယ်စပ်ဒေသများမှတစ်ဆင့်ကားတင်သွင်းနေသူများထံ

ကနေသိရပါတယ်။ လိုင်စင်မဲ့ကားတွေ မှတ်ပုံတင်ပေးမယ်ဆိုတဲ့ သတင်းတွေပြန့်နေတာကြောင့် အရောင်းအဝယ်လုပ်တာ အခုရက်ပိုင်းအရမ်းများလာတယ်။ အဖမ်းအဆီးက လုံးဝကို မရှိဘူး ဈေးကလည်း ဆိုင်ကယ်တစ်စီးစာလောက်ပဲရှိတော့ အားလုံးက ရဲရဲတင်းတင်းဝယ်ယူလာကြတယ်။ ဟု မြဝတီနယ်စပ်မှ တစ်ဆင့် တရားဝင်ကားတင်သွင်းနေသူ ဦးမောင်ညီ က ပြောပါတယ်။ လူမူကွန်ရက် ဝက်ဆိုဒ်များမှ တစ်ဆင့် လိုင်စင်မဲ့ Without ကားများ အရောင်းအဝယ်ပြုလုပ်နေမှူများပြားနေရာ လူမူကွန်ရက်ဝက်ဆိုဒ်ပေါ်င်း ၁ဝ ခု နီးပါးအထိရှိနေရာ toyota wish ကားတစ်စီးလျှင် သိန်း ၂ဝ သာရှိပြီး ဝယ်ယူလိုသည့် နေရာဒေသသို့မူတည်၍့ ကားများပို့ဆောင်ခ ၈ သိန်းမှ ၁၂ သိန်းအထိ ရှိနေကြောင်းသိရပါတယ်။

လိုင်စင်မဲ့ ကားတစ်စီး၏ ရောင်းချသည့် ဈေးနှူန်းမှာ တရားဝင် မှတ်ပုံတင်ထားသော ကားတန်ဖိုးများထက် ဈေးနှူးန်း ၁ဝ ဆ နီးပါး ကွာဟနေပြီး လိုင်စင်မဲ့ကားစီးနင်းသူဖမ်းဆီးရမိပါက လိုင်စင်မဲ့ယာဉ်များကို သွင်းကုန်ထုတ်ကုန်ဥပဒေဖြင့် ပိုင်ရှင်နှင့်တကွဖမ်းဆီးရမိပါက ယာဉ်ပိုင်ရှင်ကို ဒဏ်ကြေးငွေကျပ်နှစ်သိန်းနှင့် ထောင်ဒဏ်သုံးနှစ်အထိချမှတ်ကြောင်း၊ ပိုင်ရှင်မဲ့ဖြစ်ပါက

ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author