ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ကားဖမ်းဆီးရမှူအများဆုံးဖြစ်နေ

0

Full article

Photo Credit

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် လိုင်စင်မဲ့ယာဉ်အစီးရေ ၉ဝ ကျော်အထိ ဖမ်းဆီးရရှိခဲ့ပြီးလိုင်စင်မဲ့ကား ဖမ်းဆီးရရှိမှူ အများဆုံး ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးသည် တရားမဝင်လိုင်စင်မဲ့ကားအများဆုံး ဖမ်းစီးရရှိမှုစာရင်းတွင် ပါဝင်နေပြီး ဒုတိယ အများဆုံးမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖြစ်သည်ဟု သိရသည်။

"ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကား ဖမ်းဆီးတာ ဒီနှစ်ထဲမှာ အစီး ၉ဝ ကျော်ရှိတယ်။ နံပါတ်ပြားနဲ့ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းကို စစ်ကြည့်တယ်။ မင်္သကာဘူးလို့ ထင်ရင် မှတ်ပုံတင်ဌာနကို လှမ်းမေးတယ်။ဘယ်ကားက without ကားလဲဆိုတာတော့ ရဲရဲ့ အတက်ပညာနဲ့ခွဲခြားတာပေါ့"ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ်၌ ဖမ်းစီးရရှိထားသည့် ကားအစီး ၄ဝဝ ဝန်းကျင်ခန့်ရှိပြီး မြို့ဝင်မြို့ထွက် ဂိတ်များတွင် စစ်ဆေးမှုများကိုလည်း ထိရောက်စွာ လုပ်ဆောင်သွားမှာဖြစ်သည် သိရပါသည်။

လာမယ့် နှစ်တွင် တရားမဝင် လိုင်စင်မဲ့ without ကားများကို ထိရောက်စွာ စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရေးအတွက် RFID (Radio Frequency Identification) system ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Unicode Version

Author