ရန်ကုန်မြို့ရှိ တရားမဝင် Without ကားများ ထိရောက်စွာ ဖမ်းဆီးသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

0

Full article

Zawgyi

ရန်ကုန်မြို့ရှိ တရားမဝင် Without ကားများ ထိရောက်စွာ ဖမ်းဆီးသွားမည်ဟု အောက်တိုဘာလ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သည့် (၁၁)ကြိမေ် မြာက် နို်င်ငံတော် ဒုတိယ သမ္မတ (၁) နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချူပ်ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ ခြင်းဖြစ်သည်။

"ရန်ကုန်မြို့ဟာ ကားအသုံးပြုမှု များပါတယ်။ ရန်ကုန်မှာ တရားမဝင်ကားတွေကို ဖမ်း ဆီးနိုင်ဖို့အတွက် မီးပွိုင့် စနစ်တွေကို ပြုပြင်ပြီး အဲ့နေရာများကနေ စုံစမ်းထောက်လှမ်းနိုင်ဖို့ အတွက်ပြင်ဆင်နေတာတွေရှိနေတယ်။ မီးပွိုင့် တွေပြင်ဆင်နေမှုဟာ စာချုပ်ပါ သက်တမ်းအတိုင်းဆိုကျော်လွန်နေပြီ ဖြစ်ပါတယ်။ တစ်ချိူ့ ဖမ်းဆီးတာတွေကို ထိထိရောက်ရောက်မလုပ်နိုင်သေးပါဘူး။ ရန်ကုန်မှာ တရားမဝင်ကားတွေကို ထိထိရောက်ရောက် ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်ပါပွဲတွင် ပြောကြားသွားခဲ့သည်။

လိုင်စင်မဲ့ကားဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် RFID (Radio Frequency ID) စနစ် အသုံးပြုသွားမည်ဖြစ်ရာ မကြာခင် တင်ဒါခေါ်ယူမည်သွားမှာဖြစ်ပြီး ၂ဝ၁၈ တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟု သိရသည်။

Author