ထိုကဲ့သို့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရာတွင် ကားအမျိူးအစားနှင့် ကားနံပါတ်ပြားမသင်္ကာမှုတို့ကို ကြည့်ရှု၍
လိုင်စင်မဲ့ကားဟုတ်၊ မဟုတ် ခွဲခြား ဖမ်းဆီးမှုများပြုလုပ်ပြီး ထပ်မံ၍ လိုင်စင်မဲ့ ကားများကို ထိရောက်စွာ အရေးယူဖမ်းဆီးမှုများလည်း လုပ်ဆောင်သွားမှာ ဖြစ်သည်ဟု သိရသည်။
"ရန်ကုန်တိုင်းအတွင်းမှာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလအထိကို လိုင်စင်မဲ့ကား အစီးရေ ၁၃၁ စီးဖမ်း ဆီးရရှိခဲ့ပါတယ်။ လိုင်စင်မဲ့ ကားတွေစီးနင်းတာကို ထိထိရောက်ရောက် ဖမ်းဆီးမှုတွေ လုပ်သွားမှာပါ။
"လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲမှူးရုံး ဒုရဲမူးကြီး ဦးသိန်းဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိမှုအများဆုံးသော လိုင်စင်မဲ့ကားမှာ ဆလွန်းကား များဖြစ် ကြောင်း သိရပါသည်။
၂ဝ၁၆ လိုင်စင်မဲ့ ကားဖမ်းဆီးမှုနှင့် နှိုင်းယှဉ်ပါက ယခု ၂ဝ၁၇ တွင် ဖမ်းဆီးရမိသည့် ကားအများဆုံး ဖြစ်နေကြောင်း သိရပါသည်။