Without ကားများကို RFID စနစ်အသုံးပြု၍ ဖမ်းဆီးစစ်ဆးမည့်စနစ်အတွက် အကြံပေးအဖွဲ့ ၅ ဖွဲ့မှ ရွှေးချယ်ထား

0

Full article

လိုင်စင်မဲ့ Without ကားများကို RFID စနစ်အသုံးပြု၍ ဖမ်းဆီးစစ်ဆးမည့်စနစ်အတွက် အကြံပေးအဖွဲ့ ၅ ဖွဲ့ကို ရွှေးချယ်ထားရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။ ထိုသို့ without ကားများကို စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရေးအတွက် RFID (Radio Frequency Identification) system ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွားနိုင်ရန် အကြံပေးအဖွဲ့ ၅ ဖွဲ့ရွေးထားပြီး ထိုအဖွဲ့မှတစ်ဆင့် အကောင်အထည်ဖော်လုပ်ဆောင်ပေးမည့် ကုမ္ပဏီကို တင်ဒါခေါ်ယူရွေးချယ်မှု ပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရသည်။ "အခုလက်ရှိတော့ RFID စနစ်လုပ်ဖို့ အကြံပေးအဖွဲ့ ၅ ဖွဲ့ ရွေးထားပါတယ်။ အဲ့ဒီအဖွဲ့ကနေ တင်ဒါခေါ်ယူတဲ့ ကုမ္ပဏီကိုရွေးမယ်။ RFID စနစ်က ကျယ်ပြန်ပြီး ချိတ်ဆက်မှုတွေ အများကြီး လုပ်ဆောင်သွားရမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများအား ကြိုတင် ကာကွယ်ရန်အတွက် National Road Safety Council (NRSC) အနေဖြင့် စနစ်တကျ ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးမော်တော်ယာဉ်များအားလုံးကို စနစ်တကျ ထိန်းချုပ် ကြီးကြပ်နိုင်ရေး၊ ယာဉ်မှတ်ပုံတင် လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ တိုးတက်ပြောင်းလဲ ဆောင်ရွက်နိုင်ရေးနှင့် တရားမဝင် (မှတ်ပုံတင်မဲ့) မော်တော်ယာဉ်များအား စစ်ဆေး ဖော်ထုတ် အရေးယူနိုင်ရေးတို့ အတွက် RFID (Radio Frequency Identification) system ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမှာဖြစ်သည်ဟု သိရသည်။ L-01

Author