ရန်ကုန်မြို့ အတွင်း လိုင်စင်မဲ့ကားများ တစ်စီးမကျန် ရှင်းလင်းနိုင်ရန် အဆင်မြင့်နည်းပညာ အသုံးပြုသည့် ဆင်ဆာ ဖြင့်စစ်ဆေးမည်

0

Full article


ရန်ကုန်မြို့အတွင်း လိုင်စင်မဲ့ကားများ တစ်စီးမကျန် ရှင်းလင်းနိုင်ရန် အဆင့်မြင့်နည်းပညာအသုံးပြုသည့် ဆင်ဆာဖြင့် မကြာခင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရပါတယ်။ထို အဆင့်မြင့်နည်းပညာ အကူအညီ ရယူနိုင်ရန် ပြည်ပ ပညာရှင်များနှင့် စက်ပစ္စည်းများဝယ်ယူသွားမည်ဖြစ်ပြီး အလိုအလျှောက် လိုင်စင်မဲ့ကားဟုတ်မဟုတ်သိရှိနိုင်တဲ့ စနစ်များတပ်ဆင်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း လိုင်စင်မဲ့ မောင်းနှင်နေတဲ့ကားများအား ရှင်းလင်းဖယ်ရှားရန် လုပ်ဆောင်ဖို့ အစည်းအဝေးများတွင် ပြောကြားခဲ့ပြီး ပထမဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် စတင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အဆင့်မြင့်နည်းပညာသုံးဆင်ဆာသည် မော်တော်ယာဉ်အားတရားဝင် မှတ်ပုံတင်လုပ်ဆောင်ပြီးကြောင်းနဲ့ ကားနှင့်ပက်သက်တဲ့ အမှူများကိုလည်း ဖော်ထုတ်သွားနိုင်သည့်နည်းပညာ များအသုံးပြုရန် ဆွေးနွေးထားမှူများရှိနေတယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author