ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများကို တရားဝင်မောင်းနှင်ခွင့်လိုင်စင် ထုတ်ပေးမည်ဆိုပါက တရားဝင်အခွန်ဆောင်ထားသည့် ကားတင်သွင်းသူများ နစ်နာလာနိုင်

0

Full article

ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများကို တရားဝင်မောင်းနှင်သည့်လိုင်စင် ထုတ်ပေးမည်ဆိုပါက ကျန်တိုင်းနှင့်ပြည်နယ်များကပါ တောင်းဆိုလာနိုင်ဖွယ်ရှိပြီး တရားဝင်ကားတင်သွင်းသူများနစ်နာလာနိုင်ကြောင်း ကားတင်သွင်သည့်လုပ်ငန်းရှင်ထံမှ သိရသည်။

လိုင်စင်မဲ့ ကားများအား တရားဝင် မောင်းနှင်လိုင်စင် ထုတ်ပေးခြင်းကိုသင့်လျှော်သောအခွန်နှုန်းထားများပေးဆောင်စေနိုင်ရန်အတွက် ပြည်နယ်အစိုးရအား တိုက်တွန်းသော အဆိုကို ဝိုင်းမော်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ (ခ) ဦးဇခေါန်ခမ်းရယ်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် သင့်လျော်သော အခွန်နှုန်းထားများ ပေးဆောင်၍ မောင်းနှင်ခွင့်သည် ပြည်ထောင်စု အဆင့် ပြည်ထောင်စု အစိုးရအဖွဲ့မှသာ ဆုံးဖြတ်၍ရမည်ဖြစ်ကြောင်းလည်း သိရသည်။

လိုင်စင်မဲ့ကားများအား ကချင်ပြည်နယ်သို့သာ ပေးမည်ဆိုပါက ကျန် တိုင်းနှင့်ပြည်နယ်များမှာပါ တောင်းဆိုလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

"ကချင်ပြည်နယ်ကိုသာ လိုင်စင်မဲ့ကားတွေ တရားဝင်စီးနင်းခွင့်ပေးမယ်ဆိုတာက မဖြစ်သင့်ပါဘူး။ အဲ့ဒီကချင်ပြည်နယ်ကိုသာ ပေးမယ်ဆိုရင် ကျန်ပြည်နယ်နှင့်တိုင်းတွေကလည်း တောင်းဆိုလာနိုင်ပါတယ်။ တစ်ချို့လိုင်စင်မဲ့ကားတွေ နယ်စပ်ကနေ ပိုမိုဝင်ရောက်လာနေတာတွေလည်းရှိတယ်။ တရားဝင်နိုင်ငံတော်ကို အခွန်ဆောင် ကားတင်သွင်းထားတဲ့ လူတွေအနေနဲ့ နစ်နာနိုင်ပါတယ်" ဟု ကားတင်သွင်းရောင်းချသူများက ပြောသည်။

ခေတ်သစ်

Author