Full article

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သုံးနှစ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကား ၂၃ဝ ကျော်တွင ်အစီးရေခြောက်ဆယ်ကျော်ကို လေလံတင်ရောင်းချပြီးဖြစ်ကြောင်း`အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲမှုးရုံး' မှသိရသည်။

ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ တရားဝင်လိုင်စင် ထုတ်ပေးထားခြင်းမရှိသည့်ယာဉ်များ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း၌ရောင်းဝယ်မှုကို ဖမ်းဆီးခဲ့ရာ သုံးနှစ်အတွင်းလိုင်စင်မဲ့ယာဉ် အစီးရေ ၂၃၂ စီး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အနက် ယာဉ်အစီးရေ ၆၄ စီးကို လေလံတင်ရောင်းချပြီးကြောင်း သီရသည်။

"လိုင်စင်မဲ့ကားတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖမ်းဆီးပါတယ်၊ လိုင်စင်မဲ့ကားတွေကို အများပြည်သူပိုင် လမ်းတွေပေါ်မှာ မောင်းနှင်မှုမရှိအောင် လိုက်လံစစ်ဆေးပါတယ်၊ စစ်ဆေးတွေ့ရှိတဲ့အခါ ကားတွေကို နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင်ရောင်းချပါတယ်" ဟု အမှတ်၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှုးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နှစ်အလိုက် လိုင်စင်မဲ့ကားဖမ်းဆီးမှုအရ ၂ဝ၁၃ ခုနှစ်တွင် အစီးရေ ၆၄ စီး၊၂ဝ၁၄ ခုနှစ်တွင် အစီးရေ ၁၃၄ စီးနှင့် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လအထိ အစီးရေ ၃၄ စီး စုစုပေါင်း ၂၃၂ စီးကို ဖမ်ဆီးခဲ့ကြောင်း၊ ယင်းအနက် အစီးရေ ၆၄ စီးကို ယခင်နှစ်အတွင်း လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူဇာ

August 14, 2015 ရက်နေ့ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။

www.carsdb.com

Author