ယာဉ်အက္ခရာ နောက်ဆုံးနံပါတ် နှင့် တပ်ဆင်ထားသည့် လိုင်စင်မဲ့ကားများ ဖမ်းဆီးစစ်ဆေးရန်ခက်ခဲနေ

0

Full article

ယာဉ်အက္ခရာ နောက်ဆုံး နံပါတ် နှင့် တပ်ဆင်သွားလာနေသည့် လိုင်စင်မဲ့ကားများ ဖမ်းဆီးစစ်ဆေးရန် ခက်ခဲနေကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မူးရုံးက ပြောပါသည်။ "လိုင်စင်မဲ့ ကားတွေကို စစ်ဆေးတဲ့ ဆော့ဝဲရှိပေမယ့် နောက်ဆုံးနံပါတ်နဲ့ ကားအမျိူးအစား အရောင်က အစ တူနေရင် စစ်ဆေးရခက်တက်။နောက်ဆုံးနံပါတ်တော့ စစ်ဆေးဖို့ ခက်တယ်။ ဥပမာ နောက်ဆုံး အက္ခရာ 1N နံပါတ် ဆိုရင် K နံပါတ်ပဲစစ်လို့ရတယ်။ ဒီမှာရှိတဲ့ ဆော့်ဝဲက နောက်ဆုံးနံပါတ်ကို စစ်ရမလွယ်ဘူး။ without ကားလို့ထင်ရပေမယ့် ပိုပြီးတိကျအောင် ကညန ကို လှမ်းမေးရတယ်။"လို့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မူးရုံးမှ တာဝန်သူက ပြောပါသည်။ ရန်ကုန်တိုင်းအတွင်းတွင် မောင်းနှင်နေသည့် လိုင်စင်မဲ့ယာဉ်များကို ဆင်ဆာမီးပွိုင့်စနစ်ဖြင့် မှတ်သားကာ ဖမ်းဆီး အရေးယူ မည်ဖြစ်သွားမှာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၂၇ ရက် UMFCCI တွင်ပြုလုပ်သည့် (၁၁)ကြိမ် မြောက် နို်င်ငံတော် ဒုတိယသမ္မတ (၁) နှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ပြောကြားထားခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ တရားမဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီးစစ်ဆေးမှူများပြုလုပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး တွင် ကား အစီး ၉ဝ ကျော် အများဆုံး ဖမ်းဆီးရမိခဲ့ပြီး မွန်ပြည်နယ်တွင် ဒုတိယအများဆုံးဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

Author