လိုင်စင်မဲ့ သိမ်းဆည်းထားသည့် ကားများကို မန္တလေးခရိုင်တရားရုံးများတွင် ထားရှိရာ သြဂုတ်လ ၁၅ ရက်မှ လျှောက်လွှာတင်ဒါများရောင်းချနေပြီး လေလံပြုလုပ်မည့်ရက်ကို ခတ္တဆိုင်းငံသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လိုင်စင်မဲ့သိမ်းဆည်းထားသည့်ကားများ ဝယ်ယူရန် ပေးသွင်းထားသည့် အချက်များကို မန္တလေးတိုင်းဒေသကြီးတရားရေးဦးစီးဌာနတွင်သြဂုတ်လ ၂၃ ရက်နေ့အနက် ၁ဝ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လေလံပစ်မည့်ကားအစီး ၁၁၉ စီးတွင် Pajero၊ Toyota Saloonနှင့် အခြားတန်ဖိုးကြီးကားများ စသည့် အိမ်စီးကားမျိုးစုံပါဝင်ပြီး လုပ်ငန်းသုံးကားများလည်း ပါဝင်ကြောင်းသိရသည်။ ကားအမျိုးအစားအားလုံးသည် တရားရုံးများတွင် အမှုပြီးပြတ်ပြီးဖြစ်ကြောင်းသိရသည်။
ခေတ်သစ်