Full article

လက်ရှိ ဆိပ်ကမ်းမျာတွင် ရောက်ရှိနေသော without body ဖြင့်တင်သွင်းလာသောကားများကို 1/90 AV ဒဏ်ကြေးဖြင့်ထုတ်ယူခွင့်ပေး၍ မတ်လ ၁၁ ရက်ကျော်လွန်ရင် ၂ဝ၁၇ အကောက်ခွန်ဒဏ်ကြေးသစ် အရ သိမ်းဆည်းသွားမည်ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။လာမည့် ဘဏ္ဍာနှစ် မတ်လ ၁၁ ရက်မှစပီး ၂ဝ၁၇ ခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးများ ပြောင်းလဲသတ်မှတ်မည်ဖြစ်ရာ လတ်တလော ရောက်ရှိနေတဲ့ without body နဲ့တင်သွင်းလာတဲ့ ကားတွေကို1/90 AV ဒဏ်ကြေးဖြင့်ထုတ်ယူခွင့်ပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိ ရောက်ရှိနေတဲ့ without body ကားတွေကို 1/90 AV ဒဏ်ကြေးနဲ့ထုတ်ယူခွင့်ပေးသွားမှာပါ။မတ်လ ၁၁ ရက်ကစပီး without body တင်သွင်းလာရင် နိုင်ငံပိုင်သိမ်းဆည်းသွားမှာပါ။လို့ အကောက်ခွန်ဦးစီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးကပြောသည်။

ပြည်ပက ကားတင်သွင်းရာတွင် Without body ကားများကို တင်သွင်းခွင့်မပြုသော်လည်း body ပါရှိပီး ကားကိုယ်ထဲနှင့်ချိတ်ဆက်မှူ အားနည်းနေသည်များကိုလည်း Without body ဟုဆို၍ သတ်မှတ်ခြင်းများရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author