Withholding Tax ကို နိုင်ငံတော်အစိုးရကကောက်ခံတော့မည် မဟုတ်

0

Full article

ဝင်ငွေခွန်ကို ကြိုတင်ကောက်ခံသည့် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax) ၂ရာခိုင်နှုန်းကို နိုင်ငံတော်အစိုးရက ကောက်ခံတော့မည်မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရသည်။

Withholding Tax ကောက်ခံခြင်းအား ပယ်ဖျက်ရန်အတွက် အဆင့်ဆင့်တင်ပြဆောင်ရွက်နေကြောင်း၊ မကြာမီ ကာလ လအနည်းငယ်အတွင်း စတင်အကျိုးသက်ရောက်နိုင်မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ပြည်ထောင်စု အခွန်အကောက်ဥပဒေဆိုင်ရာ အစိုးရ-ပုဂ္ဂလိက ဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရပါသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စီမံ-ဘဏ္ဍာဝန်ကြီး အပါအဝင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍၂ဝ၁၈ ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် ထည့်သွင်းရေးဆွဲသင့်သည့်အကောက်ခွန် နှင့်အခွန်ဆိုင်ရာ နှုန်းထားများကို ဆွေးနွေးဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် ပြည်တွင်း၌ထုတ်လုပ်နေသည့် စက်ရုံများ၊ ပို့ကုန်မြှင့်တင်ရေးနှင့်သွင်းကုန်အစား ထိုးရေးတို့ အတွက် အကျိုးပြုနေသည့် လုပ်ငန်းများယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာစေရေး၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်အကောက်ခွန် နှုန်းထားများ လျှော့ချရေး၊ အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင်ပေးဆောင်နေရသည့် ဝင်ငွေခွန်နှုန်းထားများ လျှော့ချရေး ၊ဝင်ငွေခွန်ဥပဒေသစ် ရေးဆွဲရာ၌ပုဂ္ဂလိကကဏ္ဍ၏အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရယူရေးတို့ အပါအဝင်အခွန်ဆိုင်ရာ နှစ် (Tax Year) ကို ဧပြီလ (၁) ရက် မှ မတ်လ (၃၁) ရက် အထိ ထားရှိရေး၊အခွန်ဆိုင်ရာ ဥပဒေများ၊ အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်မှုပုံစံများ ပိုမိုရှင်းလင်းလွယ်ကူလာစေရေး နှင့် ICT နည်းပညာများ အသုံးပြုရေး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနအတွက် နိုင်ငံတော်အစိုးရမှ ပိုမိုပံ့ပိုးထောက်ပံ့ပေးခြင်း၊ နှစ်စဉ် ဘဏ္ဍာငွေ ပိုမိုစီစဉ်ပေးခြင်း စသည့်နည်းလမ်းများဖြင့် အခွန်ထမ်းပြည်သူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးအစရှိသည့် ကိစ္စရပ်များကိုအဓိကထား ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

Author