ပြည်ပမှ ကားတင်သွင်းရာတွင် withholdilg Tax အတွက် ကောက်ခံထားသော ဝင်ငွေခွန်များကို နှစ်ကုန်စည်းကြပ် ရာတွင် ပြန်ထုတ်ပေးမည်

0

Full article

![](/redline/content/images/2017/05/etge-300x225.jpg)

ပြည်ပမှ ကားတင်သွင်းရာတွင် withholding Tax အတွက် ကောက်ခံထားသော ဝင်ငွေခွန်များကို နှစ်ကုန်စည်းကြပ် ရာတွင် အခွန်ငွေအားလုံးပြန်တုတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါတယ်။ ကြိုတင်ခွန်အတွက်ကောက်ထားတဲ့ ၂ ရာခိုင်နှုန်း က နှစ်ကုန်စည်းကြပ် တဲ့အခါ ဆောင်ထားပြီးတဲ့ ချလံပြမယ်ဆိုရင် အခွန်ငွေအားလုံးကို ခုနှိမ်ခွင့်ရမှာပါ။ နှစ်ကုန်ရင် ပေးဆောင်ထားတဲ့ whithholding Tax အတွက် အခွန်ငွေအားလုံးကို ပြန်ထုတ်ခွင့်ပေးမှာပါ။လို့ ပြည်တွင်းအခွန်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Withholding Tax ပေးဆောင်ခိုင်းသည်မှာ ပေးချေရတဲ့ငွေအပေါ်ကောက်ခံတာဖြစ်ပြီး ဝင်ငွေခွန်ဆောင်တဲ့အခါ ကြိုတင်ဝင်ငွေခွန် နှုတ်ထားတာဖြစ်တယ်လို့သိရပါတယ်။ နှစ်စဉ် အခွန်စည်းကြပ်ပါက နှုတ်ယူထားသော Withholding Tax နဲ့ပက်သက်သည့် အထောက်အထား ချလံအားပြသရလျှင် အခွန်အပြည့်ပြန်လည် ထုတ်နှတ်ခံစားနိုင်တယ်လို့ သိရသည်။ ယခင်က ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းထားသော ကားများကိုသာ ကောက်ခံခဲ့တာဖြစ်ပြီး တင်သွင်းလာသော ကားများအားလုံးကို ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းရာတွင် တစ်ပါးတည်း ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအား ထည့်သွင်း ကောက်ခံပြီး CIF ဒေါ်လာ ၅ဝဝဝ တန်ကားတစ်စီးလျှင် ယနေ့ဒေါ်လာပေါ်က်ဈေးအရ ငွေကျပ် ၁၃၆ဝဝဝ ပေးဆောင်ရနေရတယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author