Toyota Myanmar မှ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် Dream Car Art Contest ပြိုင်ပွဲမှ ဆုရရှိခဲ့သူများကို အိမ်တိုင်ရာရောက်သွားကာ ဆုချီးမြှင့်ခဲ့

0

Full article

Toyota Myanmar မှ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် Dream Car Art Contest ပြိုင်ပွဲမှ ဆုရရှိခဲ့သူများကို အိမ်တိုင်ရာရောက်သွားကာ ဆုချီးမြှင့်ခဲ့ကြောင်း Toyota Myanmar ထံမှသိရသည်။

Toyota Myanmar မှ ကျင်းပသည့် Dream Car Art Contest 2020 သည် ပရိသတ်များ၏ အားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နိုင်ငံအဆင့်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်စုစုပေါင်း ၃,၈၀၀ နီးပါးပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် အရေအတွက်အားဖြင့် ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်ခဲ့သည်။ Dream Car Art Contest ပြိုင်ပွဲသည် ကလေးငယ်များအတွက် မဖြစ်နိုင်သည့်အရာများကို စတင်အကောင်အထည်ဖော်ရန် ကလေးငယ်များအား အနာဂါတ်တွင်ဖြစ်လာမည့် ရွေ့လျားသွားလာနိုင်မှုများကို ပုံဖော်ထားသည့် အိမ်မက်ထဲမှကားများကို ရေးဆွဲစေခြင်းဖြစ်သည်။ လူမှုအဖွဲ့အစည်းတွင်ရှိသူအားလုံး ပါဝင်နိုင်ရန်အတွက် Dream Car Art Contest အဖွဲ့မှ အရည်အချင်းရှိသော ကလေးများစွာရှိသည့် မသန်စွမ်းကျောင်းများအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ကျောင်းပေါင်း (၂၀) သို့သွားရောက်ခဲ့ကြသည်။ ယခုနှစ်ပေးပို့လာသောပုံများမှာလည်း ပျော်ရွှင်ဖွယ်ကောင်းပြီး စိတ်လှုပ်ရှားဖွယ်စိတ်ကူးများဖြင့် ပြည့်နေခဲ့သည်။

Toyota Myanmar မှ ၂၀၂၀ ပြည့်နှစ် Dream Car Art Contest ပြိုင်ပွဲမှ ဆုရရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးအတွက် ဆုပေးပွဲအစား ဆုများကို အိမ်တိုင်ရာရောက် ဆုလက်ဆောင်များပေးပို့ခဲ့ကြောင်းသိရသည်။

Author