မော်တော်ယာဉ် ဥပဒေပြင်ဆင်ချက်နှင့် နည်းဥပဒေ ပြဌာန်းချက် အမြန်ဆုံးထွက်ပေါ်လာရန် မျှော်လင့်နေ

0

Full article

မော်တော်ယာဉ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေအမြန်ဆုံးထွက်ပေါ်လာရန်နှင့် နည်းဥပဒေပြဌာန်းချက်များထွက်ရှိရန် မျှော်လင့်နေကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်အများစုကပြောသည်။ မော်တော်ယာဉ်ဥပဒေအား ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအတွင်းကထက်ရှိခဲ့သော်လည်း ပြင်ဆင်ရမည့်အခန်းများ ပါရှိနေသဖြင့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးနေလျက်ရှိသည်။

မော်တော်ယာဉ်ဥပဒေ အမြန်ဆုံးထွက်ရှိလာမယ်ဆိုရင် ဥပဒေနဲ့ ကိုင်ပြီး ပြောလို့ရပါတယ်။ကားတင်သွင်းသည့် လုပ်ငန်းရှင်များမှာ မော်တော်ယာဉ်ဥပဒေတွင် ကားတင်သွင်းမှုနှင့် ပက်သက်သည့် တိကျသည့် ပေါ်လစီကို ရေးဆွဲရန်လိုအပ်ပြီး နောင်နှစ်များအတွင်း တည်ငြိမ်သည့် ကားတင်သွင်းမှု လိုအပ်ကြောင်းသိရသည်။

အခုကားတင်သွင်းတာက ခုတစ်မျိုးတော်ကြာတစ်မျိုးပြောင်းနေတယ်။ နောက် ၁ဝ နှစ်လောက်အထိ ကားတင်သွင်းတာကို တည်ငြိမ်တဲ့ မူဝါဒချမှတ်ဖို့လိုတယ်။ ကားအရောင်းအဝယ်လုပ်ရတာက မူအပြောင်းကို လိုက်ပြီး လုပ်နေရဗတာ့ ဈေးကွက်ကလည်း ကမောက်ကမ ဖြစ်တာပေါ့ ဟု ကားလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ကိုမင်းမင်းကပြောသည်။

မော်တော်ယာဉ်ဥပဒေပါ အခန်းအချို့ကို ပြန်လည်ပြင်ဆင်ရန်လုပ်ဆောင်နေပြီး ကားတင်သွင်းရောင်းချမှုကို ဥပဒေတွင်ပြည့်စုံစွာ ရေးဆွဲဖော်ပြသင့်ကြောင်းသိရသည်။

Photo – 7 Days News

ခေတ်သစ်

Author