Full article

ကားအရောင်များ အများအပြားရှိရာတွင် ငွေရောင်မှာ လူကြိုက်အများဆုံး အရောင်အဖြစ် ၁ဝ နှစ်ဆက်တိုက် ရှိနေခဲ့ပြီး US, Europe နှင့် Asia တို့တွင် ၂ဝ၁ဝ ခုနှစ်အထိ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။ သို့သော် ၂ဝ၁၁ ခုနှစ်တွင် အပြောင်းအလဲ အနေဖြင့် US တွင် အဖြူရောင်မှာ လူကြိုက်အများဆုံး အရောင်ဖြစ်ခဲ့ပြီး Europe တွင် အနက်ရောင်မှာ ထိပ်သို့တက်လာကာ Asia တွင်မူ ငွေရောင်မှာ လူကြိုက်အများဆုံးအဖြစ် ဆက်လက် ရပ်တည်လျှက်ရှိသည်။

P5271582-500x375

PPG Industries မှကားဆေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ နှစ်စဉ်ပြုလုပ်သော လေ့လာမှုအရ အဖြူရောင်မှာ US နှင့် Europe တို့တွင် လူရွေးချယ်မှုအများဆုံးဖြစ်ပြီး Asia တွင် ငွေရောင်နှင့်အဖြူရောင်တို့မှာ လူကြိုက်အများဆုံးအဖြစ် ပူးတွဲရပ်တည်လျှက်ရှိသည်။ လေ့လာမှုများအရ ဒေသအလိုက် လူကြိုက်အများဆုံး အရောင်များမှာ

  • US တွင် အဖြူရောင်မှာ ထိပ်ဆုံးတွင်ရှိပြီး အနက်၊ ငွေရောင် နှင့် မီးခိုးရောင်၊ အနီ၊ အပြာရောင်များမှာ အစဉ်လိုက်အဖြစ် ရပ်တည်နေသည်။
  • Europe တွင်လည်း အဖြူရောင်မှာ လူကြိုက်အများဆုံးဖြစ်ပြီး လည်းကောင်း နောက်တွင် အနက်၊ မီးခိုး၊ ငွေရောင်၊ အပြာ၊ အနီရောင်တို့မှာ အစဉ်လိုက်ရှိနေကြသည်။
  • Asia တွင်မူ ငွေရောင်နှင့် အဖြူရောင်တို့မှာ အတူတူပူးတွဲ၍ ရေပန်းအစားဆုံးဖြစ်ပြီး အနက်၊ အနီ၊ မီးခိုး၊ အပြာနှင့် အစိမ်းရောင်တို့မှာ အဖြူနှင့် ငွေရောင်တို့နောက်တွင် အစဉ်လိုက်ရပ်တည်လျက် ရှိပါသည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ကားအဖြူရောင်များမှာ ယခုနှစ်ပိုင်းတွင်မှ ရေပန်းစား လူကြိုက်များလာခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ရှေးယခင် နှစ်ပေါင်းများစွာတည်းကပင် လူကြိုက်အများဆုံးအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် သွားလာနေသော ကားများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ဒုတိယ လူစီးအများဆုံးအရောင်မှာ ငွေရောင်နှင့် မီးခိုးရောင်တို့ ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ စာဖတ်သူများအနေဖြင့် မိမိတို့ အကြိုက်ဆုံး အရောင်များနှင့် မြန်မာနိုင်ငံတွင် လူစီးအများဆုံး အရောင်များမှာ မည်သည့်အရောင်များဖြစ်သည်ကို အောက်တွင် မှတ်ချက်များ ပေး၍ဆွေးနွေးနိုင်ကြပါသည်။

Author