မြန်မာ့မီးရထားမှ COVID -19 ကာလအတွင်းရပ်နားထားခဲ့သော အစုန်၊ အဆန်ရထားများကို လာမည့် ဩဂုတ်လ တစ်ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်

0

Full article

မြန်မာ့မီးရထားမှ COVID -19 ကာလအတွင်းရပ်နားထားခဲ့သော အစုန်၊ အဆန်ရထားများကို လာမည့် ဩဂုတ်လ တစ်ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်များအရသိရသည်။

လာမည့် ဩဂုတ်လ(၁)ရက်နေ့မှ ပြန်လည်စတင်ပြေးဆွဲမည့် ရထားလမ်းပိုင်းများမှာ မန္တလေး-မြစ်ကြီးနား-မန္တလေး လမ်းပိုင်းတွင် အမှတ်(၅၅) အဆန်၊ (၅၆) အစုန်၊ ပုသိမ်-ကြံခင်း-ပုသိမ် လမ်းပိုင်းတွင် အမှတ် (၁၈၁) အဆန်၊ အမှတ် (၁၈၂) အစုန်၊ ကြည့်မြင်တိုင်-သာရဝေါ-ကြည့်မြင်တိုင် လမ်းပိုင်းတွင် အမှတ်(၆၉) အဆန်၊ အမှတ်(၇၀) အစုန်၊ ပျဉ်းမနား-တောင်တွင်းကြီး-ပျဉ်းမနား လမ်းပိုင်းတွင် အမှတ်(၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန် ရထားများ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်များအရသိရသည်။ ယခုအခါ မြန်မာ့မီးရထားသည် COVID -19 ကာလလအတွင်း ရပ်နားထားခဲ့သော ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး ရောဂါကာကွယ်ရေးအတွက် အဓိကကျသော Social Distancing ရရှိရေးအတွက် ထိုင်ခုံလက်မှတ်များကို စနစ်တကျစီစဉ်ရောင်းချပေးပြီး လက်မှတ်မဲ့ခရီးသည်များမပါရှိရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် COVID -19 ကာလအတွင်း ရန်ကုန်-ဥက္ကံ၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ပဲခူး ၊ ရန်ကုန်-ရေး၊ ပဲခူး-ရန်ကုန် နှင့် လက်ပံတန်း-သာရဝေါ လမ်းပိုင်းများကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကတည်းက ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိသည်။

Author