ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်များ၏ ဘီးခွန်ကောက်ခံနေမှုကို အခြားနိုင်ငံများအတိုင်း အင်ဂျင်ပါဝါအလိုက် ပြောင်းလဲ ကောက်ခံမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တန်ချိန်အလိုက် ဘီးခွန် ကောက်ခံနေမှုကို အခြားနိုင်ငံများကောက်ခံနေသည့်ပုံစံအတိုင်း ယာဉ်၏ အင်ဂျင်ပါဝါအလိုက် ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း မတ် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသွားခဲ့ပါသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သွားလာမှုများအား ပြောင်းလဲကောက်ခံမည့် ဘီးခွန်နှုန်း ထားများမှာ အင်ဂျင်ပါဝါ ၆၆ဝ စီစီ နှင့်အောက်ကို တစ်ရက်လျှင် ၁ဝဝ ကျပ်နှုန်းဖြင့်ကောက်ခံပါက တစ်နှစ်ကို ၃၆၅ဝဝ ကျပ်၊ ၆၆ဝ စီစီ မှ ၁၃ဝဝ စီစီ အထိ ယာဉ်ကို တစ်ရက်လျှင် ၁၅ဝ ကျပ် နှုန်းဖြင့် တစ်နှစ်ကို ၅၄၇၅ဝ ကျပ်ကျသင့်မည်ဖြစ်ကြောင်း ၊ ၁၃ဝ၁ စီစီ မှ ၂ဝဝဝ စီစီ အထိ တစ်ရက်လျှင် ၂ဝဝ ကျပ်နှုန်းဖြင့်ကောက်ခံမည်ဆိုလျှင် တစ်နှစ် ၇၃ဝဝဝကျပ် ကျသင့် မည်ဖြစ်ကြောင်း ၊ ၂ဝဝ၁ စီစီ မှ ၄၃ဝဝ စီစီ အထိ တစ်ရက်ကို ၂၅ဝ ကျပ်နှုန်းဖြင့်ကောက်ခံမည်ဆိုလျှင် တစ်နှစ်ကို ၉၁၂၅ဝကျပ်ကျသင့်မည်ဖြစ်ကြောင်းနှင့် ယင်းနှင့်အထက်အား တစ်ရက်ကို ၃ဝဝကျပ် နှုန်းဖြင့်ကောက်ခံမည်ပါက တစ်နှစ်ကို ၁ဝ၉၅ဝဝ ကျပ်ကျသင့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း မတ် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသွားခဲ့ပါသည်။

၂ဝ၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေမှုကြမ်း ရေးဆွဲရာမှာ အခွန်ကောက်ခံသည့် ဌာနများနှင့်ညှိနှိုင်းပြီးတော့ ခေတ်နှင့်ညီသော နှုန်းထားများ ဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာမှာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့် ကုန်လမ်းပို့ဆောင်မှုဦးစီးဌာနတို့၏ လေ့လာချက်အရ ယာဉ်တန်ချိန် ဝိတ်အလိုက် ဘီးခွန်ကောက်ခံသော စနစ်ကနေ အခြားနိုင်ငံများတွင် ကျင့်သုံးနေသည့် အင်ဂျင်ပါဝါ ကောက်ခံသော စနစ်ကို ပြောင်းလဲကောက်ခံဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ ကောက်ခံသည့်အခါမှာ အခွန်အခများလဲ တိုးတက်ရရှိလာမည်ဟု ခန့်မှန်းမိကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ဆက်လက် ပြောကြားခဲ့သည်။

Regulation

Author