Full article

**ရန်ကုန်ကားဈေးကွက်**

ရန်ကုန်ကားဈေးကွက်အတွင်း ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ညအိပ်ကားများ ထားရှိခွင့်မပေး သောကြောင့် ကားဝယ် ရောင်းများမှ တစ်နိုင်တစ်ပိုင်သာ ယူဆောင်လာသည့်အတွက်အဝယ်များအနေဖြင့် ရွေး ချယ်စရာနည်းပါးသွားပြီး အရောင်းအဝယ်အေးစက်နေသည်။ လာမည့် ၂ဝ၁၅ ခုနှစ်အတွက် _CIF_တန်ဖိုးများ ပြန်လည်ရေးဆွဲမည်ဖြစ်သောကြောင့် အဝယ်များအနေဖြင့် အခြေအနေတစ်ရက်ကို စောင့်ကြည့်နေရသည်ဖြစ် ၍ အရောင်းအဝယ်အေးစက်နေခြင်းဖြစ်ကြောင်း ကားဝယ် ရောင်းများထံမှသိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း ကားဟောင်းအပ်နှုံပြီး အစားထိုးယာဉ်ပြန်လည်တင်သွင်းရာတွင် အခွန်ရာခိုင်နှုန်း များ လျှော့ပေါ့ပေးတော့မည်မဟုတ်သောကြောင့် ကားဟောင်းအပ်နှံသူများအနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်းတွင် သာ အပြီးအပ်နှံရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း အသစ်ထုတ်ပြန်မည့် _CIF_တန်ဖိုးများကို အနည်းငယ်လျှော့ ပေါ့ပေးသင့်ကြောင်း ကားတင်သွင်းသူတစ်ဦးကဆိုသည်။

၂ဝ၁၅ ခုနှစ်အတွက် _CIF_တန်ဖိုးများ ပြန်လည်ရေးဆွဲနေပြီဖြစ်သောကြောင့် အမြင့်ကားဝယ်ယူသူများ အနေနှင့် မဝယ်ယူကြသေးဘဲ အခြေအနေတစ်ရပ်ကို စောင့်ကြည့်နေကြသည့်အတွက် အရောင်းအဝယ်အေး စက်နေကာ ၁၃ဝဝ စီစီကားလေးများနှင့် အင်ဂျင်ပါဝါ ၆၆ဝ စီစီ ကားလေးများသာ ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ် နေကြောင်း ကားတင်သွင်းသူတစ်ဦးကဆိုသည်။

အင်ဂျင်ပါဝါ ၁ဝဝဝ စီစီအောက် _Truck_ကားလေးများတွင် _Suzuki_နှင့် _Daihatsu_မှာအရောင်းအဝယ် အကောင်းဆုံးဖြစ်နေပြီး _Suzuki Alto_၂ဝဝ၈၊ ၂ဝဝ၉ မော်ဒယ် ကျပ် ၆၃ သိန်းဝင်းကျင်၊ နံပါတ်အနီ DD,EE ကို ကျပ် ၄၅ သိန်းဝင်းကျင်၊ _Nissan Pino_ကျပ် ၆၃ သိန်းဝင်းကျင်၊ _Mazda Carol_သိန်း ၇ဝ ဝင်းကျင်နှင့် _Daewoo Tico_သိန်း ၇ဝ ဝန်းကျင်၊_Daihatsu Mira_ကို သိန်း ၇ဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်းဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဈေးသက်သာသော စလစ်ကပ်ယာဉ်များပိုအလုပ်ဖြစ်တဲ့ မန္တလေးကားဈေးကွက်

မန္တလေးမြို့၏ မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်အတွင်း စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ စလစ် ဈေးနှုန်းသက်သာသောကြောင့် စလစ်ကပ်ကားများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယာဉ်ဝယ်ရောင်း ဈေး ကွက်အတွင်းမှသိရသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများသည် မန္တလေးကားဈေးကွက်အတွင်း ကျပ် ၃၇ သိန်းဝင်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိ်ပြီး ယခုတစ်ပတ်အတွင်း ဈေးနှုန်းငြိမ်သက်လျက်ရှိကြောင်း ကားဝယ်ရောင်းများထံမှသိရ သည်။

စလစ်ကပ်ကားအများစုသည် စက်မှုဇုန်ထုတ်ဂျစ်များကို အဓိကအသုံးပြုကြသည့်အတွက် ယာဉ်အို ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုထားသော (၁က) ကားများမှာမန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၇ဝ ဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ်ပြီး ဒေါ်လာတစ်သောင်းခွဲအထက်တန်ဖိုးမြင့်ကားများသာ (၁က) စလစ်ကိုအသုံးပြုလျက်ရှိသည်။ (၂က) ကားများမှာလည်း ကျပ် ၅၆ သိန်းဝင်းကျင်ဖြင့် မန္တလေးကားဈေးကွက် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနည်းငယ်အေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင် မန္တလေးကားဈေးကွက်အတွင်းတွင် _Free Permit_ဖြင့်တင်သွင်းလာသောကားများနှင့် Mini Truck (ခွေးဘီလူး)များမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု ကားဝယ်ရောင်းများထံမှသိရသည်။

၂ဝ၁၅ ခုနှစ်တွင် Brand New Showroom များအများအပြားဖွင့်လာနိုင်ပြီး စလစ်ဈေးကွက်များလည်း ပျောက်ကွယ်သွားမည်ဖြစ်ကြောင်းနှင့် ယခုအချိန်သည် အရည်ကျိုကားသမားများအား အပ်နှံမှုပို၍စိတ်ဝင်စား နို်င်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း ကား Showroom တစ်ခုမှ တာဝန်ခံတစ်ဦးက သုံးသပ်ခဲ့သည်။

ယခုပုံစံအတိုင်း အခွန်အခများကိုလည်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဆိုပါက ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး ကားဈေးကွက်တည်တည်ငြိမ်ငြိမ်ဖြစ်သွားနိုင်ပြီး အရောင်းအဝယ်ပိုမိုကောင်းမွန်လာ နိုင်ကြောင်း ကားဝယ်ရောင်း အများစုက ၄င်းတို့အမြင်ကိုသုံးသပ်ပြောကြားခဲ့သည်။

Ref: Auto Mobile Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author