Full article

လာမည့် ၂ဝ၁၅ တွင် စလစ်ကပ်ကားများအား ၂ဝဝ၃ မော်ဒယ်မှလည်းကောင်း၊ Free Permit ကားများ အား ၂ဝ၁၁ မော်ဒယ်မှလည်းကောင်း တင်သွင်းရမည်ဟူသောသတင်းကြောင့် ထုတ်ပြန်ချက်တိကျစွာ မထွက် ရှိသေးသော်လည်း လေလံတွင် ဝယ်ယူမှုများလာသူများနှင့် အဝယ်ရပ်ထားသောသူများပါ ရှိလာကြောင်းသိရ သည်။

စလစ်ကပ်တင်သွင်းနိုင်သော မြန်မာပြည်အကြိုက် Kluger, RAV4 စသည့်ကားများမှာ ၂ဝဝ၃ မော်ဒယ် ကိုဝယ်ယူမှုများပြီး ဈေးနှုန်းများမှာလည်း နှစ်ပတ်အတွင်း ကျပ်သိန်း ၃ဝ ခန့်တက်လာကြောင်းသိရသည်။ လာမည့်နှစ်အတွက် စလစ်ကပ်ကားများအား ၂ဝဝ၃ မော်ဒယ်မှစတင်သွင်းရမည်ဟု ကျိန်းသေမှုမရှိသေးသော် လည်း အမှန်တကယ်တင်သွင်းရခဲ့ပါက စုပြုံဝယ်ယူမှုကြောင့် ဈေးတက်မည်ကိုစိုးရိမ်သည့်အတွက် ဝယ်ယူထား ကြခြင်းဖြစ်ကြောင်း ကား Sale Center ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ကြိုဝယ်ထားသူများရှိသကဲ့သို့ မူဝါဒထွက်ရှိလာပါက အကြောင်းကြောင်းကြောင့် လွဲချော်မည်ကိုစိုးရိမ် သူများကမူ လေလံတွင်အဝယ်ရပ်ထားကာ ဝယ်သူလာမှပင်ဝယ်ယူပေးတော့ကြောင်း ကားလေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးကပြောပြခဲ့သည်။Free Permit အား လာမည့်နှစ်အတွက် ၂ဝ၁၁ မှစကာ တင်သွင်းရမည်ဟုဆိုသော်လည်းကြိုတင်ဝယ်ယူထားပြီးနောက်တင်သွင်းရမည့်မော်ဒယ်အပြောင်းအလဲဖြစ်မည်ကိုစိုးရိမ်မိကြောင်းပြောပြခဲ့သည်။

ယခုအချိန်တွင် နှစ်ကုန်ဆုံးချိန ်အခွန်နှုန်းထားလျှော့ပေါ့ပေးချိန် ကုန်ဆုံးတော့မည်ဖြစ်ရာ စလစ်ကပ် ကား ၂ဝဝ၃ မော်ဒယ်များအား အဝယ်စိတ်လာပြီး Free Permit ဈေးကွက်မှာငြိမ်နေကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author