Full article

**ရန်ကုန်ကားဈေးကွက်**

သီလဝါသင်္ဘောဖျက်စက်ရုံတွင် သံရည်ကျိုကားများကို တစ်ရက်လျှင် အစီးတစ်ရာမှနှစ်ရာကြား အပ်နှံခွင့်ပြုလိုက် သောကြောင့် စက်မှုဇုန်ဂျစ်များ ဈေးအနည်းငယ် မြင့်တက်သွားခဲ့သည်။ ယခင်က သံရည်ကျိုစလစ်တစ်စောင်ထုတ်ရန် တစ်လနီးပါး အချိန်ကြာမြင့်ခဲ့သောကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်ဂျစ်ကားများသည် ကျပ် ၃၄ သိန်းအထိ ဈေးများကျဆင်း သွားခဲ့ရာမှ ယခုအခါ စလစ်တစ်စောင်ထုတ်ရန် အများဆုံးတစ်ပတ်ဝန်းကျင်သာ ကြာမြင့်သောကြောင့် ဇုန်ဂျစ်များ၏ဈေး နှုန်းသည်လည်း ကျပ် ၃၇ သိန်းအထိ ဈေးမြင့်တက်သွားခဲ့သည်။

သီရိမင်္ဂလာနှင့်လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတို့တွင် ညအိပ်ကားများ ထားခွင့်မပေးတော့ခြင်းကြောင့် ယင်းစခန်း များတွင် အရောင်းအဝယ်ပြုလုပ်သည့် ကားအရေအတွက်လည်း နည်းပါးသွားခဲ့ပြီး ယခုရက်ပိုင်းအတွင်း ယာဉ်ရောင်းဝယ် ရေးစခန်းများတွင် အပ်ကားများ၊ ၁၃ဝဝ စီစီအောက်ကားများနှင့် Carry Truck များ အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။

အင်ဂျင်ပါဝါ ၆၆ဝ စီစီ မီနီဝက်ဂန်ကားလေးများသည် ကျပ်သိန်း ၆ဝ အထက် ပေါက်ဈေးရှိပြီး Suzuki Alto ကား လေးများသည် အရောင်းအဝယ်အများဆုံးဖြစ်သည်။ စလစ်ဈေးများကျဆင်းမှုကြောင့် စလစ်ကပ်ကားများလည်း အရောင်း အဝယ်ဆက်လက်ကောင်းနေပြီး _CIF_တန်ဖိုးငါးထောင်အောက် ကားများဖြစ်သည့် ရွှေငါး၊ _Crown ၊RAV4၊ Kluger_စသည့် ကားများ အရောင်းအဝယ်ဖြစ်နေကြောင်း ကားအရောင်းစင်တာများမှသိရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စလစ်ကပ်ကားများ၏ ပေါက်ဈေးများမှာ _Lexus GS Series_၂ဝဝ၅ မိုဒယ် သည် ၂၇၅ သိန်း+ဇုန်စလစ်၊ _Toyota Harrier_၂ဝဝ၃ မိုဒယ်သည် ၁၉၅ သိန်း+ဇုန်စလစ်၊ Toyota Hilux Surf(ပုံပြောင်း) ၂ဝဝ၃ မိုဒယ်သည် ၂၇၅ သိန်း+ဇုန်စလစ်၊ _Toyota Crown_၂ဝဝ၄ မိုဒယ်သည် သိန်း ၁၇ဝ+ဇုန်စလစ်၊ _Toyota Land Cruiser_၂ဝဝဝ မိုဒယ်(ဓါတ်ဆီ)သည် သိန်း ၃၂ဝ+ဇုန်စလစ်ရှိကြောင်း _'Distinct Trading_ကုမ္ပဏီလီမိတက်'မှ သိရသည်။

ပရာဒို၊ ပါဂျဲရိုး၊ ဆာ့ဖ်နှင့်_RAV4_တွေ အလုပ်ဖြစ်တဲ့ မန္တလေးကားဈေးကွက်

ယခုတစ်ပတ်အတွင်း မန္တလေးကားဈေးကွက်၌ စလစ်ကပ်ကားများဖြစ်သည့် ပရာဒို၊ ပါဂျဲရိုး၊ ဆာ့ဖ် နှင့် _RAV4_တို့ ကဲ့သို့ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများမှာဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်သော်လည်း ဝယ်လိုအားထက်ရောင်းလိုအား ပိုများသဖြင့် ကျပ် ၃၇ သိန်းဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုခဲ့သည့် '၁က' အက္ခရာကားများမှာလည်း အရောင်းအဝယ်အေးလျက်ရှိပြီး ကျပ် ၇၂ သိန်းဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

'၂က' အက္ခရာ ကားများမှာလည်း ကျပ်သိန်း ၆ဝ ခန့်ဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။ ဖရီးပါ မစ်ဖြင့်တင်သွင်းသော_Honda Fit ၊Toyota Belta ၊Toyota Vitz_နှင့် Mini Truck(ခွေးဘီလူး) များမှာလည်း အရောင်းအ ဝယ် အနည်းငယ်အေးလျက်ရှိသည်။

လက်ရှိမန္တလေးကားဈေးကွက်တွင်အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနှင့် ၁၃ဝဝ စီစီ ဗန်လေးများအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်း ဈေးကွက်အတွင်းမှသိရသည်။

သုံးဘီးယာဉ်များကို အပ်နှံ၍ အစားထိုးတင်သွင်းရမည့်ယာဉ်များမှာ ဖရီးပါမစ်ဖြင့်သွင်းနိုင်သည့်အတွက် သုံးဘီး ကားများ ဈေးကွက်အတွင်း အရောင်းအဝယ်ပျောက်လျက်ရှိကြောင်း ကားဝယ်/ရောင်းတစ်ဦးက သုံးသပ်သည်။တန်ဖိုးမြင့် ကားများဖြစ်သည့် _Land Cruiser ၊Cygnus_အစရှိသည့်ကားများမှာလည်းယခုတစ်ပတ်အတွင်းအရောင်းအဝယ်အေးလျက် ရှိကြောင်း ကားဝယ်/ရောင်းဈေးကွက်အတွင်းမှသိရသည်။

Credit : _Auto Mobile Journal_မှထုတ်နှုတ်ဖေါ်ပြသည်။ ။

Author