Full article

**ဂျပန်လေလံဈေးမြင့်တက်မှုနှင့်အတူ Wish၊ RAV4၊ Kluger ကားများ ဈေးတက်သွားခဲ့သည့် ရန်ကုန်ကားဈေးကွက်**

CIF တန်ဖိုးငါးထောင်နှင့်အောက် စလစ်ကပ်ကားများအရောင်းအဝယ်ကောင်းလာသည့်အတွက် ထိုကားများ၏လေလံဈေးများလည်း မြင့်တက်သွားခဲ့သည်။ Free Permit ဖြင့်တင်သွင်းရသည့် ၁၃၅ဝ စီစီ အောက်ကားများမှာ ဝယ်လိုအားအနည်းငယ်ကျဆင်းနေသည့်အတွက် ဂျပန်လေလံဈေးမှာလည်း တည်ငြိမ်နေ သည်။

နယ်အကြိုက်ကားများဖြစ်သည့် ၁၉၉၇ မော်ဒယ် Prado၊ ၁၉၉၉ မော်ဒယ် Land Cruiser ကားများမှာ လည်း အရောင်းအဝယ်ဖြစ်နေပြီး လုပ်ငန်းသုံးကားလေးများထဲတွင် ၆၆ဝ စီစီ Suzuki Carry Truck နှင့် Hijet Carry Truck များအဝယ်လိုက်နေကြောင်း၊ Suzuki ၂ဝဝ၄ မော်ဒယ် ပါဝါ၊ အဲကွန်း ဖြစ်လျှင် ကျပ် ၅၇ သိန်းဝင်း ကျင်၊ Hijet ၂ဝဝ၄ မော်ဒယ် ပါဝါ၊ အဲကွန်း ဖြစ်လျှင် ကျပ်သိန်းခြောက်ဆယ်ဝန်းကျင် ပေါက်ဈေးဖြစ်နေကြောင်း သိရသည်။

သုံးဘီးယာဉ်စလစ်များကို ၂ဝဝ၆ မော်ဒယ်ကားများဖြစ်သည့် Honda Civit ၊ Toyota Tactis တို့နှင့် ကပ်ပြီး တင်သွင်းလာကြသဖြင့် သုံးဘီးကားများမှာ အရောင်းအဝယ်ကောင်းလာပြီး လိုင်စင်သတ်တမ်းမပြတ် လျှင် ကျပ် ၂၅ သိန်းဝန်းကျင်ပေးကာ ဝယ်ယူနေကြကြောင်း စလစ်ဝယ်/ရောင်းများထံမှသိရသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ညအိပ်ကားများထားရှိခွင့်မပေးသောကြောင့် ရောင်းကားများနည်း ပါးသွားခဲ့ပြီး သီရိမင်္ဂလာနှင့် လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်းများရှိ ဝယ်/ရောင်းအများစုမှာ ၁၃၅ဝ စီစီအောက် ကားလေးများကိုသာ အဓိကားထားရောင်းချလာကြသည်။

စက်တင်ဘာ ၁ ရက်မှစ၍ သက်တမ်းအနှစ်နှစ်ဆယ်ကားများကိုအပ်နှံခွင့်ပေးလိုက်သော်လည်း စလစ်ဈေးမှာအတက်အကျမရှိဘဲတည်ငြိမ်နေပြီးစက်မှုဇုန်ထုတ်ဂျစ်ကားများမှာလည်း အပ်နှံရန်အစီးသုံးသောင်း ဝန်းကျင်အထိ ကျန်ရှိနေသောကြောင့် စလစ်ဈေးများပြန်လည်မြင့်တက်သွားရန် အလားအလာမရှိကြောင်း ဝယ်/ရောင်းများက သုံးသပ်ထားကြသည်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်နေသော စလစ်ဈေးများအရ စက်မှုဇုန်အမည်ပေါက်စလစ်သည် ကျပ် ၄၂ သိန်းဝင်းကျင်၊ သက်တမ်းအနှစ်နှစ်ဆယ်အမည်ပေါက်စလစ်နှင့် တက္ကဆီအမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၄၇ သိန်း၊ သုံးဘီးယာဉ်စလစ်တစ်စောင်လျှင် ကျပ် ၂၇ သိန်းဝန်းကျင်၊ '၁က' အက္ခရာအမည်ပေါက်စလစ် တစ်စောင်လျှင် ကျပ် ၆၅ သိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။

RAV4 ၊Kluger နှင့် Mark II ရွှေငါး တို့ အလုပ်ဖြစ်တဲ့ မန္တလေးကားဈေးကွက်

မန္တလေးမြို့ကားဈေးကွက်အတွင်း၌ စလစ်ကပ်ကားများဖြစ်သည့် RAV4 ၊Kluger နှင့် Mark II ရွှေငါး အမျိုးအစားယာဉ်များ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်အတွင်းမှ သိရသည်။

RAV4 ၂ဝဝ၁၊ ၂ဝဝ၂ မော်ဒယ်အမျိုးအစားကားများမှာ ကျပ် ၁၈၅ သိန်းဝင်းကျင်၊ Kluger အမျိုးအစား မှာ ကျပ်သိန်း ၂ဝဝ မှ ၂၅ဝ ဝန်းကျင်၊ Mark II ရွှေငါးအမျိုးအစားမှာ ကျပ်သိန်း ၁၄ဝ မှ ၁၆ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။

စလစ်ကပ်ကားအများစုမှာ CIF တန်ဖိုး ဒေါ်လာတစ်သောင်းခွဲအောက်ကားများ အများစုပါဝင်သဖြင့် စက်မှုဇုန်ထုတ်ဂျစ်ကားစလစ်များကို ပို၍အသုံးပြုကြသောကြောင့် စက်မှုဇုန်ဂျစ်များမှာလည်း အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

မန္တလေးကားဈေးကွက်အတွင်း၌ စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ ကျပ် ၃၇ ခွဲဝန်းကျင်ဖြင့် အရောင်းအ ဝယ်ဖြစ်နေပြီး နယ်ဈေးကွက်အတွင်း၌ ကျပ် ၃၅ သိန်းဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရ သည်။

ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ်အပ်နှံခွင့်ပြုသည့် '၁က၊ ၂က' များမှာ အခွန် ၆ဝ ရာခိုင်နှုန်း လျှော့ချပေး သည့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော်လည်း ဈေးကွက်အတွင်း၌ အရောင်းအဝယ်အေးလျက်ရှိကြောင်း ကားဝယ်/ရောင်း များထံမှသိရသည်။

မန္တလေးကားဈေးကွက်အတွင်း၌ '၁က' ကားများမှာ ကျပ်သိန်း ၆ဝ ဝန်းကျင်နှင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး '၂က' ကားများမှာ ကျပ် ၅၇ သိန်းဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

မန္တလေးကားဈေးကွက်အတွင်း၌ သက်တမ်းအနှစ်နှစ်ဆယ်ရှိ ကားများကို တက္ကဆီတင်သွင်းမည့်သူများ သာ အဓိကစိတ်ဝင်စားမှုရှိပြီး ကျပ် ၄၅ သိန်းဝင်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

မန္တလေးမြို့သည် အထက်မြန်မာပြည်၏ ဆုံရပ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာမှလည်း စီးပွားရေးအ ရဝင်ရောက်နေထိုင်သူ များပြားလာရာ နောက်လာမည့်ငါးနှစ်တာကာလအတွင်း မော်တော်ယာဉ်ဈေးကွက်အ လားအလာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဝါရင့် ကားဝယ်/ရောင်း တစ်ဦးကသုံးသပ်ပြသည်။

Ref: Auto Mobile Journal မှထုတ်နှုတ်တင်ပြသည်။

Author