Full article

**နံပါတ်ထွက်ပြီးသား AD Van ၊ Probox ၊ Honda Fit ကားများအဝယ်လိုက်လာသည့် ရန်ကုန်ကားဈေးကွက်**

ယခုနှစ်အကုန်တွင် အပ်ကားများမှာ ဈေးမြင့်တက်လာဖွယ်ရှိသောကြောင့် အပ်ကားဝယ်/ရောင်းများမှာ ဇုန်ဂျစ်၊ သက်တမ်းနှစ်နှစ်ဆယ်ကားများကို ကြိုတင်ဝယ်ယူစုဆောင်းလာသဖြင့် ထိုကားများမှာ ဈေးအနည်း ငယ်မြင့်တက်သွားကြသည်။ ယခုရက်ပိုင်းအတွင်း စလစ်ကပ်ကားများမှာလည်း အရောင်းအဝယ်ကောင်းမွန်နေ သောကြောင့် အပ်ကားဈေးကွက်မှာမာနေခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများကဆိုသည်။`

ဇုန်စလစ်ကပ်ပြီးဝယ်ယူရသည့် ၂ဝဝ၃ မော်ဒယ်အောက်ကားများမှာ အရောင်းအဝယ်သွက်နေသော် လည်း CIF တန်ဖိုးမြင့်ကားများမှာ CIF တန်ဖိုးကိုစောင့်ကြည့်နေကြသဖြင့် ထိုကားများမှာအရောင်းအဝယ်အ နည်းငယ်အေးနေသည်။

"အောက်တိုဘာလကုန်မှ CIF တန်ဖိုးတွေထွက်ပေါ်လာမှာဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာ ဈေးကွက်အနည်းငယ်အေးနေပါတယ်။ ဒီနှစ်မကုန်ခင်မှာ CIF တန်ဖိုးမြင့်ကားတွေကိုဝယ်ယူသင့်ပါတယ်။ CIF တန်ဖိုးမြင့်ကားတွေကို ဒီနှစ်မကုန်ခင်မှာ '၁က'၊ '၂က' စလစ်ကပ်သွင်းရင် ကညန အခွန် ၆ဝ% လျှော့ပေးမှာဖြစ် ပါတယ်။ နောက်နှစ်တွေကျရင်တော့ လျှော့ပေးမှာမဟုတ်တော့ပါဘူး။ CIF တန်ဖိုး ငါးသောင်းဝန်းကျင်ရှိတဲ့ကား ဆိုရင် ကညနအခွန် ၂၅ သိန်းလောက်သက်သာသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကားတွေကို အခုအချိန်မှာ ဝယ်ယူသင့်ပါတယ်။ CIF တန်ဖိုးငါးထောင်ကားတွေကတော့ အခွန်လျှော့ပေးတာ၊ မပေးတာက ကွာဟချက်အ များကြီး မရှိပါဘူး" ဟု Myanmar Trade Center Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော် အောင် ကဆိုသည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းတို့တွင် နံပါတ်ထွက်ပြီးသား Probox,AD Van, Honda Fit ကားလေးများမှာ သိန်းခုနှစ်ဆယ်ဝန်းကျင်တွင်အရောင်းအဝယ်ဖြစ်နေသည်။ အင်ဂျင်ပါဝါ ၆၆ဝ စီစီကားလေးများဖြစ်သော Suzuki Alto, Daihatsu Mira, Nissan Pino ကားလေးများမှာ ဈေးကွက်လိုအပ်ချက်အနည်းငယ်အေးသွားသောကြောင့် အရောင်းအဝယ်အေးစက်နေသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စလစ်ဈေးများအရ စက်မှုဇုန်ထုတ်အမည်ပေါက်တစ်စောင်လျှင် ကျပ် ၄၈ သိန်းဝန်းကျင်၊ '၁က' အက္ခရာအမည်ပေါက်တစ်စောင်လျှင် ကျပ် ၆၈ သိန်းဝင်းကျင်၊ '၂က' အက္ခရာ အမည်ပေါက်တစ်စောင်လျှင် ကျပ် ၆၈ သိန်းဝင်းကျင်နှင့် အငှားယာဉ်အမည်ပေါက်တစ်စောင်လျှင် ကျပ် ၄၇ သိန်းဝင်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇုန်ထုတ်ဂျစ်နှင့် လိုက်ထရပ်များ ဈေးကွက်ကိုဦးဆောင်နေတဲ့ မန်းဈေးကွက်

မန္တလေးမြို့ကားဈေးကွက်အတွင်း ယခုတစ်ပတ်၌ CIF တစ်သောင်းခွဲအောက်ကားများဖြစ်ကြသည့် RAV 4, ရွှေငါး, Toyota Crown, Kluger, Toyota Axio, Toyota Wish အစရှိသည့် ကားများအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်းများထံမှသိရသည်။

RAV 4 2000/2001 မော်ဒယ်မှာ ကျပ်သိန်း ၁၇ဝ မှ ၁၈ဝ ဝန်းကျင်၊ Toyota Crown 2001/2002 မော်ဒယ်မှာ ကျပ်သိန်း ၁၅ဝ မှ ၁၆ဝ ဝန်းကျင်၊ ၂ဝဝ၄ ပုံပြောင်းအသစ်မှာ ကျပ်သိန်း ၂ဝဝ မှ ၂၂ဝ ဝန်းကျင်၊ Kluger 2000/2001 မော်ဒယ်မှာ ကျပ်သိန်း ၂ဝဝ ဝန်းကျင်၊ ခုံသုံးတန်းပါပုံပြောင်း 2003/2004 မော်ဒယ် Kluger မှာ ကျပ်သိန်း ၂၄ဝ မှ ၂၅ဝ ဝန်းကျင်ဖြင့် မန္တလေးကားဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။

ယင်းအပြင် Toyota Axio အင်ဂျင်ပါဝါ 2.4 မှာ ကျပ် သိန်း ၁၅ဝ မှ ၁၅၅ သိန်းဝန်းကျင်၊ Toyota Wish အင်ဂျင်ပါဝါ 1.8 မှာ ကျပ်သိန်း ၁၄ဝ မှ ၁၄၅ သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အဆိုပါ CIF တစ်သောင်းခွဲအောက် ကားအများစုသည် စက်မှုဇုန်ထုတ်ကားများဖြင့်သာ စလစ်ကပ်ကြသဖြင့် မန္တလေး ကား ဝယ်/ရောင်း ဈေးကွက်အတွင်း၌ စက်မှုဇုန်ထုတ်ဂျစ်များမှာလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများနှင့် လိုက်ထရပ်များမှာ မန္တလေးကားအရောင်းအဝယ်ဈေးကွက်အတွင်း၌ ဦးဆောင်နေပြီး ကျပ် ၄၃ သိန်းကျော်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

ယခုလက်ရှိတွင် ယာဉ်အို၊ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုလျက်ရှိသည့် '၁က'၊ '၂က' အက္ခရာယာဉ် များမှာ မန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၆ဝ အောက်ဈေးနှုန်းဖြင့် အရောင်းအဝယ်အနည်းငယ်အေး လျက်ရှိကြောင်းသိရသည်။ ထို့အပြင် Mini Truck (ခွေးဘီလူး) ကားများမှာလည်း ကျပ်သိန်း ၅ဝ ဝန်းကျင် ကား လေးများသာပို၍ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးကားဝယ်/ရောင်း ဈေးကွက်အတွင်းရှိ ကားဝယ်/ရောင်း များထံမှသိရသည်။

ဖရီးပါမစ်ဖြင့်တင်သွင်းသောကားများဖြစ်သည့် Honda Fit, Toyota Belta နှင့် AD Van ကားများမှာ လည်း မန္တလေးကားဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။နှစ်နှစ်ဆယ်သက်တမ်းရှိကားများ မှာလည်း ယခုတစ်ပတ်အတွင်း မန္တလေးကားဈေးကွက်အတွင်း၌ ကျပ် ၄၅ သိန်းမှ သိန်း ၅ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

လက်ရှိမန္တလေးကားဈေးကွက်အတွင်း၌ တန်ဖိုးမြင့်ကားများအရောင်းအဝယ်အေးလျက်ရှိသဖြင့် ၄င်း ကားစလစ်များအသုံးပြုသော '၁က'၊ '၂က' ကားများ အရောင်းအဝယ်အေးရခြင်းမှာလည်း အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း မန္တလေးကားဈေးကွက်အတွင်းရှိ ဝါရင့် ကားဝယ်/ရောင်း တစ်ဦးက ၄င်း၏အမြင်ကိုသုံးသပ်ခဲ့ သည်။

မော်ဒယ်မြင့်ကားများဖြစ်သည့် Toyota Crown 2008/2009 မော်ဒယ်မှာ ကျပ်သိန်း ၄၅ဝ မှ ၅ဝဝ ဝန်း ကျင်၊ ၂ဝဝ၆ မော်ဒယ် Honda CR-V မှာ ကျပ်သိန်း ၄ဝဝ ဝန်းကျင်၊ ၂ဝ၁ဝ မော်ဒယ် Land Cruiser မှာ ကျပ် သိန်း ၈ဝဝ ဝန်းကျင်၊ 2013/2014 မော်ဒယ် Land Cruiser မှာ ကျပ်သိန်း ၁၆ဝဝ ဝန်းကျင်ခန့် စသည့်ပေါက် ဈေးများရှိပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိကြောင်း သိရသည်။

၂ဝ၁၄ နှစ်ကုန်ခါနီးချိန်နှင့် ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ကညနခွန် ၆ဝ% လျှော့ချပေးသော '၁က'၊ '၂က' အက္ခရာကားများ၏ဈေးကွက် ကောင်းလာနိုင်ကြောင်းလည်း မန္တလေးကားဈေးကွက်အတွင်းမှ ကားဝယ်/ရောင်း များက သုံးသပ်ကြသည်။

Ref: Auto Mobile Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author