Full article

**CIF တန်ဖိုးအပြောင်းအလဲကို စောင့်ကြည့်ရင်း အရောင်းအဝယ်ပြုလုပ်နေရသည့် ရန်ကုန်ကားဈေးကွက်**

ယခုတစ်ပတ် ရန်ကုန်ကားဈေးကွက်အတွင်း CIF တန်ဖိုးအသစ်ထုတ်ပြန်ရန် အချိန်နီးကပ်လာသည်နှင့် အမျှ ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ကားအရောင်းစင်တာများ၌ အရောင်းအဝယ်အနည်းငယ်အေးစက်နေ သည်။ ဝယ်လက်များအနေဖြင့် အသစ်ထုတ်ပြန်မည့် CIF တန်ဖိုးအသစ်ကို စောင့်ကြည့်နေကြသည့်အတွက် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း ကား ဝယ်/ရောင်း များကဆိုသည်။

မကြာမီထွက်ရှိလာမည့် CIF တန်ဖိုးအသစ်တွင် ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်သည့် ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ ကားလေးများဖြစ်သည့် Probox ၊ AD Van ၊ Honda Fit ကားလေးများမှာ တက္ကဆီလုပ်ငန်းလုပ်ကိုင် မည့်သူလောက်သာ အရောင်းအဝယ်ရှိပြီး စလစ်ကပ်ကားများထဲတွင် Toyota Wish ၊ Kluger ကားများသာ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရသည်။

လာမည့်နှစ်မှစတင်၍ ၂ဝဝ၃ မော်ဒယ်မှ စတင် တင်သွင်းရမည်ဖြစ်သောကြောင့် ၂ဝဝ၁၊ ၂ဝဝ၂ မော် ဒယ်ကားများဖြစ်ကြသည့် ရွှေငါး၊ Kluger ကားလေးများကို ဂျပန်လေလံတွင် အပြိုင်လုဆွဲနေကြရာ ထိုကား များ၏ဈေးနှုန်းမှာလည်း လေလံဈေး၌ ပြန်လည်မြင့်တက်လာကြောင်း ကားတင်သွင်းသူများကပြောသည်။

စလစ်ကပ်ကားများဖြစ်သည့် Surf ၊ Land Cruiser ၊ Wish ၊ Kluger ၊ RAV-4 စသည့်ကားများမှာ စလစ်အတက်အကျပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ Surf ၂ဝဝ၁ မော်ဒယ်(ဒီဇယ်) မှာ ကျပ် သိန်း ၂၆ဝ ဝန်းကျင် ၊ Land Cruiser ၉၉ မော်ဒယ်မှာ ကျပ်သိန်း ၃၇ဝ ဝန်းကျင် ၊ Wish ၂ဝဝ၃ မော်ဒယ် (၂ဝဝဝ စီစီ) မှာ ၁၄၅ သိန်းဝန်းကျင်နှင့် (၁၈ဝဝ စီစီ) မှာ သိန်း ၁၅ဝ ဝန်းကျင် ၊ Kluger ၂ဝဝ၄ မော်ဒယ်မှာ ၁၈၂ သိန်းဝန်းကျင် ၊ RAV- 4 ၂ဝဝ၃ မော်ဒယ်မှာ ၁၈၂ သိန်းဝန်းကျင် ၊ ရွှေငါး ၂ဝဝ၃ မော်ဒယ်မှာ သိန်း ၁၆ဝ ဝန်းကျင်နှင့် ၂ဝဝ၄ မော်ဒယ်မှာ သိန်း ၁၈ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

ယခုတစ်ပတ်စလစ်ဈေးကွက်အရ စက်မှုဇုန်ထုတ်အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ် ၄၉ သိန်း ဝင်းကျင် ၊ `၁က ၊ ၂က´ အမည်ပေါက်တစ်စောင်လျှင် ကျပ် ၆၂ သိန်းဝန်းကျင် ၊ အငှားယာဉ်အမည်ပေါက် တစ်စောင်လျှင် ကျပ် ၅၂ သိန်းဝန်းကျင်နှင့် သက်တမ်းနှစ်နှစ်ဆယ်စလစ် တစ်စောင်လျှင် ကျပ် ၄၄ သိန်းဝန်း ကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

နှစ် ၂ဝ သက်တမ်းရှိကားများ စန်းပွင့်နေသည့် မန္တလေး ကားဈေးကွက်

မန္တလေးမြို့ကားဈေးကွက်အတွင်း နှစ်နှစ်ဆယ်သက်တမ်းရှိပြီး တန်ဖိုးမြင့်ကားများဖြစ်သည့် Mark II ဆလွန်း၊ ပါဂျဲရိုး၊ ပရာဒို အစရှိသည့် ကားများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကား ဝယ်/ရောင်း ဈေးကွက် မှ သိရသည်။

"မန္တလေးကားဈေးကွက်ထဲမှာ `၁က၊၂က´ ကားတွေကိုရောင်းပြီးတော့ နှစ် ၂ဝ တန်းဝင် တန်ဖိုးမြင့် ကားတွေကို ဝယ်တဲ့သူများနေတယ်၊ နှစ် ၂ဝ ကားဆိုပေမယ့် ဒီကားတွေကတော်တော်ကောင်းသေးတယ်၊ တစ် ချို့ဆိုရင်သိပ်မစီးရသေးဘဲ သိမ်းထားတာတွေရှိတယ်၊ ပြီးတော့ မန္တလေးမှာက မိုးလည်းမများတော့ ကားအ ပျက်အစီးလည်း နည်းတယ်၊ ဒါ့ကြောင့် ဒီဈေးကွက်လေးဖြစ်နေရတာပါ" ဟု ကား ဝယ်/ရောင်း တစ်ဦးက ၄င်း၏ အမြင်ကိုပြောပြသည်။

နှစ် ၂ဝ ကျော်အပ်ကားဖြစ်သည့် Mark II ဆလွန်းကားမှာ ကျပ် ၅၅ သိန်းဝန်းကျင်ခန့်သာရှိသဖြင့် `၁က၊၂က´ နှင့် စက်မှုဇုန်ဂျစ်ကားများကိုရောင်းပြီး ယင်း နှစ် ၂ဝ တန်းဝင် တန်ဖိုးမြင့်ကားများကို ဝယ်ယူစီးနင်း လာကြကြောင်း မန္တလေး ကား ဝယ်/ရောင်း ဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိ မန္တလေးကားဈေးကွက်အ တွင်း၌ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီအောက်ကားများ၊ ဖရီးပါမစ်ကားများနှင့် ကျပ်သိန်းတစ်ရာအောက်ကားများ အ ရောင်းအဝယ်ပိုမိုကောင်းမွန်ကြောင်း ကား ဝယ်/ရောင်း များထံမှ သိရသည်။

အင်ဂျင်ပါဝါ ၁၅ဝဝ စီစီရှိ AD Van နံပါတ်အနီကားမှာ ကျပ် သိန်း ၈ဝ မှ ၈၂ သိန်းဝင်းကျင်၊ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ နံပါတ်အနက် AD Van မှာ ကျပ်သိန်း ၉ဝ မှ ၉၅ သိန်းဝင်းကျင်၊ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ နံပါတ်အနီ AD Van မှာ ကျပ် ၇၅ သိန်းဝင်းကျင်၊ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ နံပါတ်အနက် AD Van မှ ကျပ် ၈၅ သိန်းဝင်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

မန္တလေး ကားဈေးကွက်အတွင်း၌ Honda Fit ၂ဝဝ၉ မော်ဒယ်မှာ ကျပ်သိန်းတစ်ရာဝန်းကျင် ၊ Toyota Belta မှာ ကျပ်သိန်း ၁၁ဝ မှ ၁၁၅ သိန်းဝန်းကျင်၊ ၂ဝ၁၁ မော်ဒယ် Toyota Belta မှာ ကျပ်သိန်း ၁၃ဝ ဝန်းကျင်၊ Toyota Axio ၂ဝဝ၈ မှ ၂ဝ၁၁ မော်ဒယ်မှာ ကျပ် ၁၆၅ သိန်းမှ သိန်း ၁၇ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ ယင်းအပြင် ဘုရားဖူးရာသီ ရောက်ရှိလာသောကြောင့် ပစ်ကပ်ကားများဖြစ်သည့် Bongo Bennett ကားများနှင့် Toyota လိုက်ထရပ်ကားများလည်း မန္တလေးကားဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

၂ဝဝ၆ မော်ဒယ် Bongo Bennett (ဒီဇယ်) ကားမှာ ကျပ် ၁ဝ၄ သိန်းဝင်းကျင်ဖြင့်လည်းကောင်း၊ ၂ဝဝ၄ မော်ဒယ် Bennett (ဓါတ်ဆီ) မှာ ၆၅ သိန်းမှ ၉ဝ ဝန်းကျင်၊ တိုယိုတာ လိုက်ထရပ်(ဓါတ်ဆီ) မှာ ကျပ် သိန်း ၁၁ဝ ဝန်းကျင်နှင့် (ဒီဇယ်) မှာ ကျပ်သိန်း ၁၅ဝ မှ ၁၆ဝ ဝန်းကျင်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

`၁က၊၂က´ အက္ခရာယာဉ်များမှာ ကျပ် ၅၅ သိန်းဝင်းကျင်ရှိပြီး မန္တလေးကား ဝယ်/ရောင်း ဈေးကွက်အ တွင်း၌ အရောင်းအဝယ်အေးလျက်ရှိသည်။ တန်ဖိုးမြင့်ကားများဖြစ်သည့် ပါဂျဲရိုး၊ ဆာ့ဖ်၊ ပရာဒို အစရှိသည့်ကား များမှာ မန္တလေးကားဈေးကွက်အတွင်း အရောင်းအဝယ်အေးလျက်ရှိပြီး 4WD ပါဂျဲရိုးကားများတွင် ကျပ် သိန်း ၂ဝဝ အောက်ကားများကို နယ်ဝယ်လက်အများစု ဝယ်ယူလျက်ရှိကြောင်းသိရသည်။

မန္တလေး ကား ဝယ်/ရောင်း ဈေးကွက်အတွင်း၌ ၉၇ မော်ဒယ် ပရာဒို TZ Grade မှာ ကျပ် သိန်း ၃ဝဝ ဝန်းကျင်နှင့် TX Grade မှာ ကျပ်သိန်း ၂၆ဝ မှ ၂၇ဝ ဝန်းကျင်တို့ဖြင့်လည်းကောင်း၊ ၉၇ မော်ဒယ် Surf SSR (G Grade) အပေါက်စုံကားမှာ ကျပ် ၂၃၅ သိန်းမှ သိန်း ၂၄ဝ ဝန်းကျင်၊ Pajero ၉၇ မော်ဒယ် EFI ပန့် နောက် ဆုံးနံပါတ်မှာ ကျပ်သိန်း ၂၅ဝ ဝန်းကျင်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

မန္တလေးကားဈေးကွက်အတွင်း CIF တန်ဖိုး ဒေါ်လာ တစ်သောင်းခွဲအောက် ကားများဖြစ်သည့် Toyota Wish၊ Toyota Ipusm ၊ Kluger ၊ RAV- 4 ၊ Honda ၊ CR-V ၊ Mark II ရွှေငါး အစရှိသည့်ကားများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

Credit: Auto Mobile Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။

Author