Full article

ကားအတွင်းခန်း ပစ္စည်းများနှင့် အပိုပစ္စည်းများ ပျောက်ရှမှုဖြစ်ပေါ်လျှင် ဆိပ်ကမ်းက Inspection တောင်းပြီး စစ်ဆေးနေခြင်းသည် မှားယွင်းသည့်လုပ်ရပ်ဟု ကားတင်သွင်းသူများက ဝေဖန်ပြောကြားခဲ့သည်။export

ဆိပ်ကမ်း၌ ပစ္စည်းအပျောက်အရှများ ရှိခဲ့ပါက Complaint တက်သည့်အခါတွင် တာဝန်ရှိသူများက ဂျပန်ဘက်မှ Inspection တောင်းပြီးစစ်ဆေးမှုမှာ သင့်တော်မှု မရှိကြောင်း ကားတင်သွင်းသူတစ်ဦးက ပြောကြားခဲ့သည်။ ဆိပ်ကမ်းမှာ စီမံချက်နဲ့လုံခြုံရေး တိုးမြှင့်ထားပေမဲ့ ပစ္စည်းပျောက်ရှမှုက အနည်းနဲ့အများ ရှိနေတုန်းပါပဲ၊ ပစ္စည်းပျောက်လို့ Complaint တက်တဲ့အခါမှာ Inspection ကို တောင်းပါတယ်၊ ကားတစ်စီးမှာ ပစ္စည်းစုံတယ်ဆိုရင် Inspection မှာ ဘာမှပြမှာ မဟုတ်ပါဘူး၊ ဒါကို ဆိပ်ကမ်းက ကားတစ်စီးမှာပါတဲ့ ပစ္စည်းစာရင်းကို တောင်းပါတယ်၊ ကားတစ်စီးမှာ ပါဝင်တဲ့ Accessory က အများကြီးပါပဲ၊ ကားအတွင်းခန်းမှာ ဆိုရင် Accessory က အခုခြောက်ဆယ် လောက်ပါပါတယ်၊ ဥပမာ-ကား တစ်စီးကို ဂီယာဘုသီးပါမှ မောင်းလို့ရမှာဖြစ်ပါတယ်၊ ဒါကို Inspection မှာ ဂီယာဘုသီးပါတယ် လို့တော့ ထည့်မရေး ထားဘူး၊ မပါမှမပါဘူးလို့ရေးတာပါ၊ ဒါကြောင့် ကားအတွင်းခန်း အားလုံးရဲ့ List ကို တောင်းတဲ့အခါ အခက်တွေ့ရပါတယ်၊ တကယ်လို့ ဂျပန်ဆိပ်ကမ်းဘက်က ဓာတ်ပုံ ပြရင်လည်း ဆိပ်ကမ်းအနေနဲ့ ဒီဓာတ်ပုံတွေ အပေါ်မှာယုံကြည်မှု ဘယ်လောက်ရှိသလဲ ဆိုတာသိချင်ပါတယ်၊ ပစ္စည်းပျောက်လို့ Complaint တက်တဲ့အခါ ဂျပန်ဘက် က ဘာပါသလဲဆိုတဲ့ စာရင်းကို တောင်းတာဟာ အဓိပ္ပာယ်မရှိဘူးလို့ထင်ပါတယ်။ ကားတစ်စီးဝယ်ပြီ ဆိုကတည်းက အကုန်လုံး ပါပါတယ်၊ မပါဘူးဆိုရင် Auction မှာကတည်းက ဘယ်ပစ္စည်း မပါဘူးဆိုတာ ပြထားပါတယ်ဟု Future Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာစိုးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

Ref: Automobile

Author