ရန်ကုန်ဆိပ်ကမ်းများတွင် (၁)နှစ်ကြာမြင့်သည်အထိ မထုတ်ရသေးသော ကားအစီးရေ (၄ဝဝ)ကျော် နှင့် ရက် (၆ဝ)အထိ မထုတ်ရ သေးသော ကားအစီးရေမှာ (၂ဝဝဝ)ကျော် ရှိနေကြောင်း ဆိပ်ကမ်းအာဏာပိုင် အဖွဲ့မှ သိရှိရသည်။
တစ်နှစ်ကျော်သည်အထိ မထုတ်ရသေးသော ကားများကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး၊ ရက်(၆ဝ)ကျော်သည်အထိ မထုတ်ရသေးသော ကားများအား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။