Water Taxi ပြေးဆွဲရန် အဆင်သင့် ဖြစ် နေပြီဟုဆို

0

Full article

![](/redline/content/images/2017/07/ggg-1-300x200.jpg)

_ Photo Credit_

ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ပြေးဆွဲမည့် Water Taxi မကြာခင် ပြေးဆွဲသွားမှာဖြစ်ပြီး ပြေးဆွဲရန် အဆင့်သင့်ဖြစ်နေပြီဟု Tint Tint Myanmar ကုမ္ပဏီမှ သိရသည်။

ရန်ကုန်မြစ်ကြောင်းအတွင်း Water taxi ပြေးဆွဲရန်အတွက် လိုအပ်သော ဆိပ်ကမ်းပိုင်းဆိုင်ရာ တည်ဆောက်မှု များလုပ်ဆောင် နေပြီး မကြာခင် ပြေးဆွဲရန် ဖွင့်ပွဲ လုပ်ဆောင်မည်ဖြစ်တယ်လို့ Tint Tint Myanmar ကုမ္ပဏီမှ ပြောပါတယ်။ " Water taxi ပြေးဆွဲဖို့ ဆိပ်ကမ်းတွေ နဲ့ပတ်သတ်ပြီး နစ်ခုသုံးခု တော့ အခက်အခဲရှိတယ်။ အမတို့ဘက် ကတော့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ လုံခြံရေးပိုင်းဆိုင်ရာရော ၊သင်္ဘောတွေရော အဆင်သင့်ဖြစ်နေပါပြီ။ လိုအပ်တဲ့ Test Run လုပ်နေတယ်။ ဝန်ထမ်းတွေကိုလည်း Training ပေးတာ ပြီးသလောက်တော့ဖြစ်နေပြီ။ မကြာခင်မှာ ဖွင့်ပွဲ လုပ်မှာပါ။' ဟု Tint Tint Myanmar ကုမ္ပဏီ မှ ဥက္ကဌ ဒါ်တင့်တင့်လွင် ကပြောပါတယ်။ ဩစတြေးလျနိုင်ငံမှ မှာယူထားသော သင်္ဘောများသည်လည်း ထိုင်းနိုင်ငံ ပတ်တရား သို့ ရောက်ရှိနေပြီး မြန်မာ့ဆိပ်ကမ်းသို့ မကြာခင် ဆိုက်ကပ်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။ Water taxi ပြေးဆွဲရန် MIC မှ ခွင့်ပြုလိုင်စင် လုပ်ဆောင်နေလျှက်ရှိရာ ယာဉ်စီးခပေးချေသည့် ကဒ် စနစ်များလည်း ပြီးစီးတော့မှာ ဖြစ်တယ်လို့ သိရသည် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ပြေးဆွဲမည့်Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင် ခရီးစဉ်ကို စတင်ပြေးဆွဲရန် လျာထား ပြီး ခရီးစဉ်လမ်းကြောင်းတစ်လျှောက် မှတ်တိုင်များတွင် အင်းစိန်ကြိုးတံတား အနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း(နန်း သီတာ)၊ ဗိုလ်တထောင် (တံတား အမှတ် ၄ )တို့ပါဝင်ကြောင်းသိရသည်။ Water taxi ယာဉ်စီးခအနေဖြင့် ခရီးသည်တစ်ဦးလျှင် ခရီးစဉ်အစအဆုံး ငွေကျပ် ၅ဝဝ၊ ခရီးတိုအတွက် ကျပ် ၃ဝဝသတ်မှတ်ထားကြောင်းသိရသည်။

ခေတ်သစ်

Author