Water Taxi ပြေးဆွဲရန် သင်္ဘော ၆ စီး ထပ်မံရောက်ရှိမည်

0

Full article

Photo Credit

 

ရန်ကုန်မြစ်တွင်း မကြာခင်ပြေးဆွဲမည့် ရေကြောင်းတက္ကစီ (Water Taxi) အတွက် ပြည်ပနိုင်ငံမှ ဝယ်ယူထားသည့် သင်္ဘော ၆ စီးမှာ အောက်တိုဘာလတွင် ရောက်ရှိလာမည်ဖြစ်ရာ မကြာမီကာလ၌ Water Taxi ပြေးဆွဲမည့် အစီအစဉ်ကို ကြော်ငြာပေးသွားမှာ ဖြစ်သည်ဟု သိရသည်။

သြစတြေးလျနိုင်ငံထံကနေ ဝယ်ယူထားသော သင်္ဘော ၂ စီးသည် သြဂုတ် ၁၅ ရက်တွင် အလုံမြို့နယ် အမှတ် (၁) အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Ahlone International Port Terminal -1) သို့ HEIVTIA နိုင်ငံကူးသင်္ဘောကြီးဖြင့် ရောက်ရှိလာခဲ့ပြီး ထပ်မံဝယ်ယူထားသည့် သင်္ဘောများမှာလည်း ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။

သင်္ဘောများတင်သွင်းရန် လုပ်ငန်းလိုင်စင်လုပ်ဆောင်နေရခြင်းကြောင့် အချိန်ကြာမြင့်မှုများရှိနေပြီး လိုက်ပါစီးနင်းမည့် ခရီးသည်များ၏ လုံခြုံရေးအတွက် ကျွမ်းကျင်ပညာရှင်များက သင်တန်းပို့ချမှု များလည်း ပြုလုပ်နေကြောင်းသိရသည်။

ခေတ်သစ်

Author