Water Taxi ပြေးဆွဲရန် သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းရောက်ရှိ

0

Full article

ရန်ကုန်မြစ်တွင်း မကြာခင်ပြေးဆွဲမည့် (Water Taxi) သင်္ဘာနှစ်စင်းသည် Yangon Water Bus နန်းသီတာ ဂိတ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။ အဆိုပါသင်္ဘောများသည် သြစတြေးလျနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် အလုံမြို့နယ်အမှတ် (၁)အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Ahlone lnternational Port Terminal -1) သို့ HEIVTIA နိုင်ငံကူးသင်္ဘောကြီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ သင်္ဘောစီးခကိုလည်း ကဒ်စနစ်နဲ့ သွားနိုင်ဖို့ ကြိုးစားနေပြီး သင်္ဘောတွေအားလုံးကို လုံခြုံရေးအတွက် GPS စနစ်တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဂျက်တီတွေရဲ့ အနီးမှာ ကော်ဖီဆိုင် အငယ်စားတွေနဲ့ တစ်ခြား ဆိုင်တွေလည်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။ လက်၇ှိမှာ လှိုင်သာယာကနေ ဗိုလ်တထောင်အထိ ဆိပ်ကမ်း၇ခု ထားပြီး စက်တင်ဘာလ မှာ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။

Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန်လျာထားပြီး ခရီးစဉ်လမ်းကြောင်းတလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တထောင်(တံတားအမှတ် ၄ ) နေရာများကို သတ်မှတ်ထားကြောင်း သိရပါသည်။ အဆိုပါ ဆိပ်ကမ်း ၈ ခုအနက် ၆ ခု ပြီးစီးနေပြီး ဖြစ်သော်လည်း ဆိပ်ကမ်းအချို့မှာ တည်ဆောက်ရန် အခက်အခဲ အချို့ရှိနေသေးကြောင်း၊ ယာဉ်စီးခအနေဖြင့် ခရီးသည်တဦးလျှင် ခရီးစဉ်အစအဆုံး ၅ဝဝ ကျပ်၊ ခရီးတိုအတွက် ၃ဝဝ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ခေတ်သစ်

Author