၂ဝ၁၈ ခုနှစ်တွင် Water Taxi ပြေးဆွဲမှု ကျပ်သန်း ၆ဝဝဝ အထက် ဝင်ငွေရသွားဖွယ်ရန်မျှော်မှန်းထား

0

Full article

![width=300](/redline/content/images/2017/05/11-e1494823613808-300x199.jpeg)

ရန်ကုန်မြို့ရှိ မြစ်ကြောင်းသုံးခုတွင် ပြေးဆွဲမည့် Water Taxi ကို လာမယ့် ၂ဝ၁၈ တွင် ခရီးသည် ၁၂ သန်းအထိတင်ဆောင်၍ ကျပ်သန်း ၆ဝဝဝ အထက် ဝင်ငွေ ရရှိရန်မျှော်မှန်းထားကြောင်း Tint Tint Myanmar ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်တင့်တင့်လွင်က ပြောသည်။ ဇွန်လလယ်တွင် လှိုင်သာယာမှ ဗိုလ်တထောင်ဆိပ်ကမ်းအထိ ပြေးဆွဲမည်ဖြစ်ရာ ရေယာဉ် ၁၆ စင်း အသုံးပြုပြေးဆွဲမည်ဖြစ်ပြီး မြစ်ကြောင်းသုံးခုလုံးတွင် ဆိပ်ခံတံတားပေါင်း ၂၃ ခုရှိပြီး စုစုပေါင်း Water Taxi ၂၅ စင်းဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားခြင်းဖြစ်ကာ သွားလာအသုံးပြုမည့် ခရီးသည်ဦးရေကိုလည်း ၂ဝ၁၇ ခုနှစ်တွင် ၂ဝဝဝဝ ကျော်သာ ခန့်မှန်းထား၍ ၂ဝ၁၈ ခုနှစ်တွင် ၁၂ သန်းကျော်ရရှိစေရန် ခန့်မှန်းထားကြောင်း သိရသည်။ " လောလောဆယ် လှိုင်သာယာကနေ ဗိုလ်တထောင်ဆိပ်ကမ်းကို အရင်ဆုံးပြေးဆွဲမယ်။ ၂ဝ၁၇ ခုနှစ်အတွင်းမှာ သင်္ဘော ၂၆ စင်းလောက် မှန်းထားတယ်။ ပြီးတော့ စီးနင်းခနှုန်းထားကိုလည်း ၃ဝဝ ကျပ်ကနေ ၅ဝဝ ကျပ်အထိ ကောက်ခံပါမယ်။ ၃ဝဝ ဆိုတာတောင် ကျွန်မတို့အတွက် မကိုက်ပါဘူး " လို့ ပြောပါသည်။ တစ်ဦးလျှင် ၅ဝဝ ကျပ်နှုန်းဖြင့် ကောက်ခံရန် လျာထားခြင်းဖြစ်ကာ ခရီးသည် ၂ဝဝဝဝ ဦးရေက သွားလာအသုံးပြုမည်ဆိုပါက တင့်တင့်မြန်မာ ကုမ္ပဏီမှ ကျပ်သိန်း ၁ဝဝ ရှိမည်ဖြစ်သော်လည်း မျှော်မှန်း ထားသည့်အတိုင် ခရီးသည် ၁၂ သန်းရရှိသွားခဲ့မည်ဆိုပါက တင့်တင့်မြန်မာ ကုမ္ပဏီဘက်က ကျပ်သန်းပေါင်း ၆ဝဝဝ ရရှိမည့်သဘောမျိုးလည်း ကုမ္ပဏီအနေဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ဒေါ်လာသန်း ၂ဝ မှ ၃၇ သန်းရင်းနှီးမြုပ်နှံမည်ဟု သိရကာ မြစ်ကြောင်းသုံးခုတွင် ပြေးဆွဲမည့် သင်္ဘောများကို ပြည်တွင်း၌ ထုတ်လုပ်သည့် ရေယာဉ်များအပါအဝင် ထိုင်း၊ သြစတြေးလျတို့မှ အသုံးပြုပြီးသား သင်္ဘောများကို ဝယ်ယူထားကြောင်း သိရသည်။

ခေတ်သစ်

Photo Credit

Author