ရန်ကုန် Water Taxi စီမံချက် ယခုလတွင် အကောင်အထည်ဖော်စတင်လုပ်ဆောင်မည်

0

Full article

ရန်ကုန် Water Taxi စီမံချက်ကို မတ်လအတွင်း အကောင်အထည်ဖော်စတင်လုပ်ဆောင်သွားတော့မည်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ကသိရပါတယ်။
ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှူကို ဖြေလျှော့စေနိုင်ရန် မြစ်အတွင်း Water Taxi ပြေးဆွဲခြင်းကို အလျှင်အမြန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြစ်အတွင်းသွား ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်တဲ့ Water Taxi ပြေးဆွဲသည့်စနစ်ကို လမ်းကြောင်း ၂ ခုရွှေးချယ်ထားရှိရာ အများပြည်သူအသုံးပြုသည့် လမ်းကြောင်းတစ်ခုကိုသာ အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။

ပြေးဆွဲအသုံးပြုလျှင် အများပြည်သူအားအကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ပြီး အရှူံးအမြတ် အဓိကမထားလုပ်ဆောင်သည့် ကုမ္ပဏီ ကိုသာ လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ရေကြောင်းသယ်ယူပို့ဆောင်ရေး Water Taxi ယာဉ်စီးခနှူန်းထားများကိုလည်း သက်သာသော ဈေးနှူန်းဖြင့်သာ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author