ရန်ကုန်မြို့ယာဉ်ကြော ပိတ်ဆို့မှု လျော့ချနိုင်စေရန် အမြန်ယာဉ်ပြေးဆွဲမှုအတွက်ကို ယခုလအတွင်း တင်ဒါခေါ်ယူ၍ နှစ်ကုန်တွင် စတင်ပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရပါတယ်။
အမြန်ရေယာဉ်စနစ် water taxi ကို လှိုင်မြစ်ကြောင်းတစ်လျှောက်အတွင်း ခရီးသည်ပို့ဆောင်ရန် ပြေးဆွဲသွားမယ်လို့သိရပါတယ်။ ပြေးဆွဲခြင်းအတွက် လုပ်ငန်းတင်ဒါများကို ယခုလအတွင်း လုပ်ငန်းရှင်များအားတင်ဒါခေါယူ၍ လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်။
Water taxi ဖြစ်တဲ့ အမြန်ရေယာဉ်ပြေးဆွဲတာကို အခုလထဲမှာလုပ်ငန်းတင်ဒါ ခေါ်ယူသွားမှာဖြစ်ပါတယ်။ခရီးသည်အတင်အချလုပ်မယ့်လှိူင်မြစ်ကြောင်းတစ်လျှောက်ကို ပြေးဆွဲပေးမှာပါဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါ်က်တာမောက်အောင်ကပြောခဲ့ပါတယ်။
အမြန်ယာဉ်ပြေးဆွဲမှုကိုလှိုင်မြစ်ကြောင်းနဲ့ ငမိုးရိပ်ချောင်း တစ်လျှောက်ပြေးဆွဲမည်ဖြစ်ပီး ခရီးသည်အတင်အချပြုလုပ်နိုင်သည့် နေရာ ၁၄ ခုသတ်မှတ်ထားရှိကြောင်းသိရပါတယ်။
ခေတ်သစ်