သံလျင် ကျောက်တန်း ရေလည်ဘုရားဖူးခရီးစဉ် water bus ဖြင့် ပြေးဆွဲပေးမည်

0

Full article

လာမည့် စနေ တနင်္ဂနွေ မတ်လ ၁၇ ရက်နေ့နှင့် မတ်လ ၁၈ ရက်နေ့များမှစတင်၍ အပတ်စဉ် သံလျင် ကျောက်တန်း ရေလည်ဘုရားဖူးခရီးစဉ်ကို တစ်ဦးလျှင် ၆ထောင် ကျပ် ဖြင့် water bus ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Tint Tint Myanmar ကုမ္ပဏီမှ သိရသည်။

သံလျင်ကျောက်တန်းရေလည်ဘုရားဖူးခရီးစဉ်ကို ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှတစ်ဆင့် မနက် ၆ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ရာ လမ်းခရီးတွင် ထမင်းဘူး၊ ကော်ဖီ၊ ရေသန့် များသုံးဆောင်နိုင်မည်ဖြစ်ပြီး လူတစ်ဦးလျင် ၆ဝဝဝကျပ် ဖြင့် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် အပတ်စဉ်ထွက်ခွာ ပေးမည်ဖြစ်ကြောင်းသိရသည်။

" လာမယ့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကစပြီး အပတ်စဉ် သန်လျင်ရေလည်ကျောက်တန်း ဘုရားဖူး ခရီးစဉ်ကို ပြေးဆွဲပေးမှာပါ။ လူတစ်ဦးကို အသွားအပြန် ၆ထောင် သတ်မှတ်ထားပါတယ်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ ထွက်ခွာပေးမှာပါ၊ လမ်းမှာ ထမင်းဘူးနဲ့ ကော်ဖီ တွေ အခမဲ့သုံးဆောင်လို့ရပါတယ်။"ဟု Tint Tint Myanmar ကုမ္ပဏီ ကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သန်လျင် ကျောက်တန်း ရေလည်ဘုရားဖူးခရီးစဉ်ကို လိုက်ပါစီးနင်းမည့် ခရီးသည်များကြိုတင်လက်မှတ်ဝယ်ယူလိုသူများ၊ အင်းစိန် /ဗိုလ်တထောင်ဂိတ်များတွင် သောကြာနေ့တိုင်း ဝယ်ယူနိုင်ပြီး ကြိုတင်booking လုပ်ယူနိုင်ကြောင်းသိရသည်။

Facebook messenger မှကြိုတင်booking ဝယ်ယူနိုင်ရာစီးနင်းမည့်နေ့တွင်လည်း ဗိုလ်တထောင်ဆိပ်ကမ်း water Bus Jetty တွင်ဝယ်ယူရနိုင်ကြောင်းသိရသည်။

Business

Author