Yangon Water Bus ကို စီးနင်းခ ၅ဝဝ ကျပ်ဖြင့် အောက်တိုဘာလအတွင်း စတင်ပြေးဆွဲမည်

0

Full article

Photo Credit

ရန်ကုန်မြစ်တွင်းကြောင်းတစ်လျှောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်း Yangon Water Bus ကို ခရီးအစအဆုံး ၅ဝဝ ကျပ်ဖြင့် အောက်တိုဘာလအတွင်း စတင်ပြေးဆွဲသွားမှာ ဖြစ်သည်ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှုး ဒေါက်တာမောင်အောင် ကပြောကြားခဲ့သည်။

" water bus ကို အောက်တိုဘာလမှာ စပြီးပြေးဆွဲပေးသွားမယ်။ ခရီးစဉ်အစအဆုံးကတော့ ၅ဝဝ ကျပ် သတ်မှတ်သွားမယ်။ ပြည်တွင်းက ရေယာဉ်တွေကလည်း တည်ဆောက်တာ ပြီးစီးနေပါပြီ။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ ဒေါက်တာမောင်အောင်က ဆိုသည်။

Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန်လျာထားပြီး ခရီးစဉ်လမ်းကြောင်းတလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တထောင်(တံတားအမှတ် ၄ ) နေရာများကို သတ်မှတ်ထားကြောင်း သိရသည်။

ထို့နောက် အခြား Yangon Water Bus လမ်းကြောင်းများဖြစ်သည့် ညောင်တန်း-မြောက်ဒဂုံ (ငမိုးရိပ်ချောင်း)လမ်းပိုင်းနှင့် ရန်ကုန်မြစ်လမ်းပိုင်း သန်လျှင် (Star City) လမ်းပိုင်းကို ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံမှ ဝယ်ယူထားသည့် Yangon Water Bus ၂ စင်းသည် သြဂုတ် ၁၅ ရက်တွင် အလုံမြို့နယ်အမှတ် (၁)အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Ahlone lnternational Port Terminal -1) သို့ HEIVTIA နိုင်ငံကူးသင်္ဘောကြီးဖြင့် ရောက်ရှိလာခဲ့ပြီး ထပ်မံဝယ်ယူထားရှိသော သင်္ဘော ၆ စင်းသည်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Unicode Version






Author