Yangon Water Bus ကို အောက်တိုဘာ ၇ ရက်တွင် စတင်ပြေးဆွဲပေးမည်

0

Full article

 

ရန်ကုန်မြစ်တွင်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း Yangon Water Bus ကို အောက်တိုဘာလ၆ရက် မနက် ၉ နာရီတွင် ဖွင့်ပွဲလုပ်၍ အောက်တိုဘာ ၇ ရက်တွင် စတင်ပြေးဆွဲပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

Yangon water bus များ စီးနင်းရန်အတွက် အောက်တိုဘာ ၇ ရက်နေ့ နံနက်၇နာရီ၌ ဗိုလ်တထောင် နှင့် အင်းစိန် အောင်ဇေယျတံတားအောက်မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးနင်းခကို မြန်မာကျပ်ငွေ ၃ဝဝ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။

"အောက်တိုဘာ ၆ ရက်မှာ ဖွင့်ပွဲလုပ်မယ်။ ၇ ရက်နေ့ မနက် ၇ နာရီမှာ စပြီး ခရီးသည်တွေကို ပြေးဆွဲပေးမယ်။ စီးနင်းခက ၃ဝဝ ကျပ်သတ်မှတ်ထားပါတယ်။" ဟု Tint Tint Myanmar ကုမ္ပဏီ ကဆိုသည်။

ထိုသို့ စတင်ပြေးဆွဲရန် သင်္ဘော ၁၆ စီးဖြင့် ပြေးဆွဲပေးရန် လျှာထားရာ ထပ်မံ၍ နိုင်ငံခြားမှ သင်္ဘောများမှာယူထားရှိသည်ဟု သိရသည်။

Yangon Water Bus ကို လှိုင်သာယာ-အင်းစိန်ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန်လျာထားပြီး ခရီးစဉ်လမ်းကြောင်း တလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံ တား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တထောင်(တံတားအမှတ် ၄ ) နေရာများကို သတ်မှတ်ထားကြောင်း သိရသည်။

ခေတ်သစ်

Author