Yangon Water Bus စီးနင်းသူများ လုံခြုံမှူရှိစေရန် အပြည့်အဝ တာဝန်ယူထား၊ YWB ပြေးဆွဲရာတွင် သုံးမည့် ဘိုင်အိုဒီဇယ်ဆီအ တွက် ရန်ကုန်မြစ်ကမ်းတစ်လျှောက် ဖုန်ဂေးမီးယားအပင်များ စိုက်ပျိုးသွားမည်ဖြစ်

0

Full article

_ Photo Credit_

အောက်တိုဘာ ၇ တွင် စတင်ပြေးဆွဲနေသော ရန်ကုန်မြစ်ကြောင်းတစ်လျှောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်း Yangon Water Bus ကို စီးနင်းသည့် ခရီးသည်များလုံခြုံမှုရှိစေရန် အပြည့်အဝ တာဝန်ယူထားကြောင်း yangon water bus ဖွင့်လှစ်ပွဲတွင် တင်ဒါအောင်ကုမ္ပဏီ ဖြစ်သည့် Tint Tint Myanmar Group of Companies ဥက္ကဌဒေါ်တင့်တင့်လွင်က ပြောကြားချက်အရ သိရသည်။

" ပြည်သူရဲ့အသက်လုံခြုံရေးအတွက် အာမခံကုမ္ပဏီနဲ့ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ သင်္ဘောတစ်စီးမှာ လုံခြုံရေးတစ် ယောက်ပါမယ်။ life jacket အပြင်ကို ဘောကွင်းတွေ ၊အရေးပေါ်လှေ လူဦးရေအတိ စီးလို့ရအောင် စီမံပေးထားပါတယ်။ life jacket ဘယ်နေရာမှာထားတယ်ဆိုတာမသိမှာဆိုးလို့ ထင်သာမြင်သာရှိတဲ့နေရာမှာထားပေးထားပါတယ်။ စီးနင်းတဲ့ ခရီးသည်တွေ လုံခြုံရေးအတွက် အဓိက လုပ်ဆောင်ထားပါတယ်။" ဟု Tint Tint Myanmar Group of Companies ဥက္ကဌဒေါ်တင့်တင့်လွင်က ပြောပါသည်။

ထို့အပြင် Yangon Water bus တွင်အသုံးပြုမည့် ဘိုင်အိုဒီဇယ်ဆီအတွက် ရန်ကုန်မြစ်ကမ်းတစ်လျှောက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ၅နှစ်စီမံကိန်းဖြင့် ဖုန်ဂေးမီယား အပင်များစိုက်ပျိုးရန်သွားမည်ဖြစ်ကြောင်း သိရသည်။

" Yangon Water bus တွေကို နောက်ပိုင်းတိုးချဲ့ပြေးဆွဲလာတဲ့အခါကြရင် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်မှာ သဘာဝပတ်ဝန်း ကျင်နဲ့ မြစ်တိမ်ကောမှုတွေဖြစ်လာနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့အနေနဲ့ Yangon Water bus ပြေးဆွဲတဲ့ မြစ်ကမ်းတစ်လျှောက်မှာ ဖုန်ဂေးမီးယားအပင်များကို ၅နှစ်စီမံကိန်းနဲ့စိုက်ပျိုးသွားဖို့ရှိပါတယ်။"ဟု ဒေါ်တင့်တင်လွင် ကပြောပါသည်။

ထိုကဲ့သို့ မြစ်ကမ်းတစ်လျှောက်တွင် ၅နှစ်စီမံကိန်းဖြင့် ဖုန်ဂေးမီးယားအပင်များစိုက်ပျိုးရန်အတွက် သြစတြေးလျ စိုက်ပျိုးရေးပညာရှင် များအား ဖိတ်ခေါ်သွားမှာဖြစ်ပြီး အပင်များစိုက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ နှင့်ဆွေးနွေးထားကြောင်းသိရသည်။

Yangon Water Bus ကို အောက်တိုဘာလ၆ရက်နေ့နံနက်၉နာရီတွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ ဖွင့်ပွဲအခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ရက်နေ့တွင် စတင်ပြေးဆွဲပေးခဲ့သည်။

Yangon water bus ဆိုက်ကပ်မည့် ဆိပ်ကမ်းများမှာ ဗိုလ်တထောင်ဆိပ်ကမ်း ၊နန်းသီတာဆိပ်ကမ်း ၊ လမ်းသစ် ဆိပ်ကမ်း ၊ ကြည့်မြင်တိုင်ဆိပ်ကန်း ၊ လှိုင်ဆိပ်ကမ်း ၊ အင်းစိန်ဆိပ်ကမ်း နှင့် ပန်းလှိုင်ဆိပ်ကမ်း တို့တွင် ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ် မည်ဖြစ်ကြောင်း သိရှိရသည်။ အင်းစိန် -ဗိုလ်တထောင်ခရီးစဉ်အစအဆုံးကို ခရီးသည်တစ်ဦးလျင် ၃ဝဝ ကျပ်ဖြင့် စီးနင်း နိုင်မည် ဖြစ်ကြောင်း သိရပါသည်။

ခေတ်သစ်

Author