ကားအရောင်းစင်တာများတွင် လုပ်ငန်းသုံးကား တင်သွင်းမှူများပြားလာပါက ကုမ္ပဏီ လိုင်စင် တင်သွင်းမှူကို ရပ်ဆိုင်းမည်

0

Full article

Photo Credit

 

Sale centre များ လုပ်ငန်းသုံးကား တင်သွင်းမှူများပြာလာလျှင် ကုမ္ပဏီ လိုင်စင် တင်သွင်းမှူကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေသိရပါသည်။
Sale centre များကို လုပ်ငန်းသုံးကားပါမစ်လျှောက်ထားတာကို ကားအစီး ၈ဝ အထိ ပါမစ်လျှောက်ထားခွင့်ပြုထားပြီး ပါမစ်လျှောက်ထားမှူ များပြားလာလျှင် ကုမ္ပဏီလိုင်စင်များကို လုပ်ငန်းသုံး ကားပါမစ်တင်သွင်းမှူကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါသည်။ "ကားအရောင်းစင်တာ တွေကို လုပ်ငန်းသုံးကားပါမစ်လျှောက်တာ ခွင့်ပြုပေးထားတယ်။လျှောက်ထားလာတာများလာရင်တော့ ကုမ္ပဏီ လိုင်စင်နဲ့လျှောက်တာကို မပေးတော့ပါဘူး။အခုအထိတော့ ကုမ္ပဏီ လိုင်စင်နဲ့ လုပ်ငန်းသုံးကားလျှောက်တာကို တစ်လကို တစ်စီးခွင့်ပြုပေးထားပါတယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကားပါမစ်ထုတ်ပေးတဲ့ ဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုလက်ရှိတွင် ကားအရောင်းစင်တာ အနည်းငယ်သာ လုပ်ငန်းသုံးကား ပါမစ်လျှောက်ထားမှူရှိနေသေးတဲ့အတွက် ကုမ္ပဏီလိုင်စင်များ ပါမစ်လျှောက်တာကို တစ်လ တစ်စီးနှူန်း ပါမစ်ခွင့်ပြုပေးနေသေးတယ်လို့ သိရပါသည်။
ကုမ္ပဏီ လိုင်စင်နဲ့ လျှောက်ထားရာတွင် လုပ်ငန်းသုံးကားအမျိူးအစားများဖြစ်သော Deliver Van, မီနီထရပ်၊လိုက်ထရပ်များ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်ယန္တရားများ၊နှင့်မီနီဘတ်(စ်)စီးတီးဘတ်(စ်)များသာ တင်သွင်းခွင့်ပြုပေးနေသေးကြောင်း သိရပါသည်။
ခေတ်သစ်

Author